Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း ဓာတ်သတ္တုအသေးစားလုပ်ကွက်များမှ အခွန်ကျပ်သိန်း ၅ သောင်းကျော် ရရှိ
Aung Ko Latt
·
November 14, 2019
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ အ‌သေးစားလက်လုပ်လက်စား လုပ်ကွက်တွေကနေ နိုင်ငံတော်အခွန်ဘဏ္ဍာ ကျပ်သိန်းပေါင်း ၅ သောင်းကျော်ရရှိထားတယ်လို့ တိုင်းအစိုးရတာဝန်ရှိသူတဦးက ပြောပါတယ်။  အသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက်တွေကို တိုင်းအတွင်း ဟုမ္မလင်း၊ ဗန်းမောက်၊ ကောလင်း၊ ကသာ၊ ပင်လည်ဘူး စတဲ့ မြို့နယ်တွေကနေ ရရှိခဲ့ပြီး စိစစ်နေတာတွေလည်း ရှိသေးတယ်လို့ သယံဇာနှင့် သဘာဝပတ်ဝန်းကျင်ကိုပူးတွဲကိုင်တွယ်နေတဲ့ ချင်းတိုင်းရေးသားရေးရာ ဝန်ကြီး ဦးလာလ်ထောင်ထန်းက ပြောပါတယ်။  တိုင်းအစိုးရထံ လက်လုပ်လက်စားဓာတ်သတ္တုလုပ်ကွက်ပေါင်း ၁၆၁၆ ဧကကို ကုမ္ပဏီပေါင်း ၁၅၅၁ ခုက လျှောက်ထားတာရှိပါတယ်။ အသေးစားလက်လုပ်လက်စား ရွှေလုပ်ကွက်‌တွေကို ၂၀၁၉ ခုနှစ်၊ မတ်လက စတင်ကာ တရားဝင်တူးဖော်ခွင့်ပါမစ်ချထားပေးနေပြီး တိုင်းအစိုးရ ကက်ဘိနက်အစည်းအဝေးဆုံးဖြတ်ချက်နဲ့ အသေးစား ၄ ဧက လုပ်ကွက် ၆၁၅ ဧက နဲ့ လက်လုပ်လက်စား ၂၁၄ ဧကတို့ကို အတည်ပြုပေးထားတယ်လို့ ဆိုပါတယ်။ "တိုင်းလုပ်ကွက်စိစစ်ချထား‌ရေးအဖွဲ့ကတော့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနက ခွင့်ပြုနိုင်တဲ့ ဧရိယာအတွင်းကျရောက်တဲ့ လျှောက်ထားမှုတွေကို စိစစ်ခွင့်ပြုချထားပေးနေပါတယ်" လို့ ဝန်ကြီး ဦးလာလ်ထောင်ထန်းက ပြောပါတယ်။ လျှောက်ထားလာတဲ့ထဲက တချို့ကိုတော့ မြို့နယ်ကိုပြန်လည်စိစစ်ဖို့ ပေးပို့ထားပြီး ခွင့်ပြုပေး နိုင်တဲ့အထဲက အသေးစား ဧက ၄၄၀၊ လက်လုပ်လက်စား ၁၂၀ ဧက ကိုတော့ ခွင့်ပြုထားပါတယ်။  အခွန်ငွေအနေနဲ့ အသေးစားလုပ်ကွက်တွေကနေ ကျပ်သိန်းပေါင်း ၅၄၀၀၀ ကျော်နဲ့ လက်လုပ်လက်စားလုပ်ကွက်တွေကနေ ကျပ်သိန်းပေါင်း ၁၆၀၀ ကျော်ရရှိထားတယ်လို့ ဆိုပါတယ်။  လက်လုပ်လက်စားလုပ်ကွက် မရတာကြောင့် ဒေသခံတွေ မကြာခဏဆိုသလို ဖမ်းဆီးခံရတာ၊ တချို့အဖွဲ့အစည်းတွေက ခြိမ်း‌ခြောက် ငွေကြေးတောင်းခံတာတွေရှိနေတဲ့အတွက် တိုင်းဒေသကြီး လွှတ်တော်မှာလည်း ဓာတ်သတ္တုထွက်ရှိရာဒေသက ကိုယ်‌စားလှယ်တွေက ဒေသခံတွေအတွက် အသေးစား၊ လက်လုပ်လက်စားလုပ်ကွက်တွေ အမြန်ချထားပေးနိုင်ရေး မကြာခဏဆိုသလို မေးခွန်းမေးမြန်းတာတွေရှိပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024