Homeမြန်မာသတင်း
တပ်ပိုင်မြေကျူးကျော်ကိစ္စ ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဆွေးနွေး
တပ်ပိုင်မြေကျူးကျော်ကိစ္စ ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဆွေးနွေး
DVB
·
November 14, 2019
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က တာဝန်ရှိသူတွေ နိုဝင်ဘာ ၁၄ ရက်ကတွေ့ဆုံပြီး ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေမှာ ကျူးကျော်နေထိုင်သူတွေကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။
ဒီကနေ့မနက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ခန်းမ(၄)မှာ တွေ့ဆုံဆွေးနွေးခဲ့တာလို့ တိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံစဉ်မှာ ဝန်ကြီးချုပ်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူတွေက မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်စက်မှုဇုန်ရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေအတွင်း ကျူးကျော်နေထိုင်သူတွေနဲ့ ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်တွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ဥပဒေချုပ်ဒေါ်ခင်မျိုးကြည်နဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်တယ်လို့ ရန်ကုန်အစိုးရ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဓာတ်ပုံ- YRG