မောင်တောတွင် စိတ်ကြွဆေးပြား ၁ သိန်းခွဲကျော် ဖမ်းမိ
DVB
·
November 14, 2019
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မနေ့က စိတ်ကြွဆေးပြား ၁ သိန်းခွဲကျော် ပိုင်ရှင် (စိစစ်ဆဲ) အား သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၁၃ ရက်နေ့ မနက် ၁၁ နာရီလောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သတင်းအရ မောင်တောမြို့နယ်၊ လသာ(အောက်)ကျေးရွာရဲ့ အရှေ့ဘက်လယ်ကွင်းပြင်မှာ ဆာလာအိတ်နဲ့ ထည့်ထားတဲ့ WY/R စာတမ်းပါစိတ်ကြွဆေးပြား ၁၆၅၇၅၀ ပြားအား ပိုင်ရှင်(စိစစ်ဆဲ) တွေ့ရှိသိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။
ပိုင်ရှင်(စိစစ်ဆဲ)အား မောင်တောမြို့မရဲစခန်း၊ မယ(ပ) ၄၈/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က) နဲ့ အမှုဖွင့်စုံစမ်းနေတယ်လို့ သိရပါတယ်။