ကစားသမားဘဝ ချဲလ်ဆီးအသင်းမှာ ကုန်ဆုံးမည်ဟု ကန်တီ ပြော

ချဲလ်ဆီးအသင်းမှာပဲ ကစားသမားဘဝ ကုန်ဆုံးချိန်အထိ ကစားသွားမယ်လို့ ကွင်းလယ် ကစားသမား ကန်တီက ပြောလိုက်ပါတယ်။   ကန်တီဟာ ချဲလ်ဆီးအသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်သေးပေမယ့် စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။ ဒါပေမဲ့ ကန်တီကတော့ သူ့ရဲ့စိတ်ကူးထဲမှာ ချဲလ်ဆီးအသင်းနဲ့အတူ ခမ်းနားကြီးကျယ်တဲ့ ဘောလုံးရာသီတခု ဆက်ပြီး လုပ်ဆောင်နိုင်ဖို့နဲ့ အသင်းမှာပဲ ဆုဖလားတွေ အများကြီး ဆက်လက်ရယူသွားဖို့ မျှော်လင့်ကြောင်း Telefoot နဲ့ အင်တာဗျူးမှာ ပြောပါတယ်။  အသက် ၂၈ နှစ်ရှိ ကွင်းလယ်လူ ကန်တီဟာ ၂၀၁၆ ခုနှစ်က လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းကို ပေါင် ၃၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up