Home
မြန်မာသတင်း
အမျိုးသားစာပေတသက်တာဆု စာရေးဆရာကြီး တင်မောင်မြင့်နှင့် ထွန်းအောင်ချိန်တို့ရရှိ 
DVB
·
November 14, 2019
၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု တသက်တာစာပေဆုကို စာရေးဆရာကြီး တင်မောင်မြင့်နဲ့ ထွန်းအောင်ချိန်တို့က ရရှိသွားပါတယ်။ အမျိုးသားစာပေဆုရှင်တွေစာရင်းကို ပြန်ကြားရေးဝန်ကြီးဌာနက မနေ့ညက ထုတ်ပြန် ကြေညာရာမှာ ဝတ္ထုရှည်ဆုကိုတော့ စာရေးဆရာမ ဂျူးက သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ စာအုပ်နဲ့ ဆုရရှိပြီး ဝတ္ထုတိုပေါင်းချုပ်ဆုကိုတော့ မျှော်လင့်ခြင်းကို မျှားတဲ့ညနေစာအုပ်နဲ့ စာရေးဆ ရာ မြစ်ကျိုးအင်းက ရရှိသွားပါတယ်။ ကဗျာဆုကို ညဉ့်ပုံပြောသူစာအုပ်နဲ့ ကိုသန်းထွန်း၊ စာပဒေသာဆုကို လေးမြိုင် စာပေသတ္တိဖြင့်ရှင်သန်သူစာအုပ်နဲ့ မသန်းသန်း(မန်းတက္ကသိုလ်)၊ ဘာသာပြန်ရသဆုကို မိစ္ဆာကျွန်းစာအုပ်နဲ့ ဝေယံဘုန်း၊ သုတပဒေသာ ဝိဇ္ဇာဆုကို ဇော်ဂျီ၏ရသပညာ စာအုပ်နဲ့ မြဝင်း(ဒဿန)၊ သုတပဒေသာ အသုံးချသိပ္ပံဆုကို မြေအောက်ရေနှင့် ရေအရေး စာစုများနဲ့ မောင်ကျေးရေ(ဦးမြင့်သိန်း)၊ နိုင်ငံရေးစာပေဆုကို မြန်မာ့နိုင်ငံရေးသမိုင်းထဲက ပြည်သူ့ရဲဘော်စာအုပ်နဲ့ အောင်မြင့်ဦး(မဟာဝိဇ္ဇာ)၊ အင်္ဂလိပ်ဘာသာ သုတဆုကို The Cell Exile And The New Burma စာအုပ်နဲ့ Kyaw Zwa Moe၊ ရသစာပေအက်ဆေးဆုကို သစ်ရွက်ပေါ်က ပျားရည်စက်များ ရသအက်ဆေးစုစည်းမှုစာအုပ်နဲ့ မင်းချမ်းမွန်တို့က ရရှိသွားပါတယ်။ အမျိုးသားစာပေဆုကို ဘာသာရပ်ဆယ်မျိုးခွဲခြားချီးမြှင့်တာဖြစ်ပြီး ဆုအမျိုးအစားတွေထဲမှာ ဝတ္ထုရှည်၊ ဝတ္ထုတိုပေါင်းချုပ်၊ ဘာသာပြန်၊ စာပဒေသာ၊ ပြဇာတ်၊ ကဗျာ ပေါင်းချုပ်၊ ကလေးသူငယ်များ ဆိုင်ရာစာပေ၊ နိုင်ငံရေး ဆိုင်ရာစာပေ၊ မြန်မာ့ယဉ်ကျေး မှုနှင့် အနုပညာဆိုင်ရာ စာပေ၊ သုတပဒေသာတွေ ပါဝင်ပါတယ်။ အခုနှစ်ရဲ့ အမျိုးသားစာပေဆုရ စာအုပ်တွေထဲမှာတော့ ပြဇာတ်၊ ကလေးသူငယ် များဆိုင်ရာစာပေနဲ့ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆုတွေကိုတော့ ချီးမြှင့်နိုင်ခြင်း မရှိခဲ့ပါဘူး။ အမျိုးသားစာပေတသက်တာဆုအတွက် တဆုကို ဆုငွေ ကျပ် သန်း ၅၀  ချီးမြှင့်မှာဖြစ်ပြီး ကျန်တဲ့အမျိုးသားစာပေဆုတွေကိုတော့ ဆုငွေကျပ် ၂၅သိန်းစီ ချီးမြှင့်မှာ ဖြစ်ပါတယ်။  မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တသက်တာလုံး အားထုတ်ရေးသားပြုစုခဲ့တဲ့ စာရေးဆရာကြီးတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အမျိုးသားစာပေ တသက်တာဆုကို ချီးမြှင့်တာဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းက စတင် ချီးမြှင့်ခဲ့တဲ့ ဒီဆုကို ၁၉၄၈ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ စာပေဗိမာန်ဆုအမည်နဲ့ ချီးမြှင့်ခဲ့ပြီး ၁၉၆၂ ခုနှစ်မှာတော့ အနုပညာစာပေဆိုင်ရာဆုလို့ အမည်ပြောင်းခဲ့တာပါ။ အဲဒီနောက် ၁၉၆၅ ခုနှစ်ကစတင်ပြီး အမျိုးသား စာပေဆုအမည်နဲ့ ပြောင်းလဲချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024