ဘာစီလိုနာအသင်းဟာ ဆဲလ်ဘက်လူငယ်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ အခြေအနေ ကောင်းနေပြီလို့ သိရပါတယ်။
ESPN အားကစားသတင်းဌာနရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ဟာလန်းအတွက် ယူရိုသန်း ၁၀၀ နဲ့ ခေါ်ယူဖို့ လုပ်ဆောင်နေပြီး လာမယ့်နွေရာသီမှာ တရားဝင် ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ ဆဲလ်ဘက်အသင်းမှာ ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၁၈ ပွဲမှာ ၂၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ ဟာလန်းဟာ ပြီးခဲ့တဲ့အပတ်က ဝုဗ်ဘာဂါနဲ့ပွဲစဉ်မှာ ၅ ကြိမ်မြောက် ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။ ဟာလန်းကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းအပြင် ရီးရဲလ်မက်ဒရစ်၊မန်ယူစတဲ့အသင်းတွေကလည်း အပြိုင်စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။
ဟာလန်းဟာ သြစတြီးယားက လပ်ဆဲလ်ဘက်အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။