DVB Logo
Home
မြန်မာသတင်း
ပါမောက္ခချုပ်ဆရာတော်၏ ရာထူးသက်တမ်း မနက်ဖြန်ပြည့်မည် 
DVB
·
November 13, 2019
ပါမောက္ခချုပ်ဆရာတော်၏ ရာထူးသက်တမ်း မနက်ဖြန်ပြည့်မည် 
Donate to DVB

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဆရာတော် ရာထူးသက်တမ်း မနက်ဖြန်ပြည့်မယ်လို့ အနီးကပ် ကပ္ပိယက ပြောပါတယ်။

ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသကို ပါမောက္ခချုပ်တာဝန်ကနေ အစိုးရက ဖယ်ရှား လိုက်တယ် ဆိုပြီး သတင်းတွေထွက်ပေါ်နေပေမယ့် အဲဒီကိစ္စမှန်ကန်မှုမရှိဘူးလို့ သူ့ရဲ့ တပည့်တွေက ပြောပါတယ်။

ဆရာတော်ရဲ့ ကပ္ပိက ဦးစိုင်းပိုချစ်က “ဆရာတော်က အသက်ကြီးပြီ။ ပင်ပန်းတာကြောင့် မလုပ်ချင်ဘူးဆိုပြီး ပြောနေတာကကြာပြီ။ လုပ်ပေးပါဆိုလို့ ဆက်လုပ်နေတာပါ။ မှတ်မှတ်ရရဆိုရင် ဒီတာဝန်အတွက် Extention (သက်တမ်းတိုး) မယူတာက ၃ နှစ်ရှိနေပြီ။ ခု မနက်ဖြန်ဆိုရင် Extention လုပ်တဲ့ရက်ပြည့်ပြီ။ ” လို့ ပြောပါတယ်။

ဒါကြောင့် နောက်ထပ် ဆက်လက်တာဝန်ထမ်းဆောင်မယ် မထမ်းဆောင်ဘူးဆိုတာ  ဆရာတော်က ဘာမှမိန့်ကြားခြင်းမရှိသေးသလို ခု ထွက်ပေါ်နေတဲ့ သတင်းတွေအပေါ်မှာလည်း ဘာမှ မသုံးသပ်ဘူးလို့လည်း ဆိုပါတယ်။

သက်တော် ၈၀ ရှိပြီဖြစ်တဲ့ ဆရာတော်ဟာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ရဲ့ သင်ကြားရေး ပါမောက္ခချုပ်အဖြစ် ၁၄ နှစ်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ဥပဒေအရ တက္ကသိုလ်ရဲ့ သင်ကြားရေး ပါမောက္ခချုပ်နဲ့ ဒု ပါမောက္ခချုပ်တို့ကို တက္ကသိုလ် သြဝါဒါစရိယအဖွဲ့ရဲ့ အတည်ပြုချက်ယူပြီး အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ဝန်ကြီးဌာနက ခန့်အပ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ပါမောက္ခချုပ်တွေဟာ ပါရဂူဘွဲ့ရပြီးတာ၊ အင်္ဂလိပ်စာကျွမ်းကျင်တာ၊ ရုပ်ဆင်းအင်္ဂါပြည့်စုံတာ၊ တည်ငြိမ် ရင့်ကျက်တာ၊ မိမိမှားမှန်းသိရင် အလျော့ပေးတာ စတဲ့ ဂုဏ် ၈ ပါးနဲ့ ပြည့်စုံတာ၊ ပရိယတ္တိစာမေးပွဲ ၄ ခုထဲက အနည်းဆုံး ၃ ခုကို အောင်မြင်ထားတာ စတဲ့ ဂုဏ်အင်္ဂါ အရည်အချင်းတွေရှိရမယ်လို့လည်း သတ်မှတ်ထားပါတယ်။

ဆရာတော်ရဲ့တပည့်ရဟန်းတပါးက “ဆရာတော်ကြီးက အသက်ကြီးနေပြီ။ အနားယူဖို့ လုပ်နေတာ ကြာပြီ။ သူတို့ (သာသနာရေး) က အနားမယူပါနဲ့လို့ ပြောလို့ ဆက်လုပ်နေရတာ။ ပုံမှန်ဆိုရင် ပါချုပ်ရဲ့ သက်တမ်းက ၁ နှစ်ပဲ။ အဲဒါကို ဆက်ခန့်ထားပေးဖို့ဆိုပြီး လျှောက်လွှာတင်ရတာ။ ဆရာကြီးက အဲဒါမျိုးကိုလည်း မကြိုက်ဘူး။ မနားပါနဲ့ ဆိုလို့သာ ဆက်လုပ်နေရတာ။ ခုက နိုင်ငံရေးတွေနဲ့ ရောပြီး ဖွနေကြတာ” လို့ မိန့်ပါတယ်။

ဆရာတော်ဟာ ကျန်းမာရေးမကောင်းလို့ ဒီနှစ်ဆန်းပိုင်းမှာ တရားဟောတာတွေကိုလည်း ရပ်နားခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013