အင်ဒိုနီးရှား မေဒန်မြို့ ရဲဌာနချုပ်တွင် အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွား
အင်ဒိုနီးရှားနိုင်ငံ၊ မြောက်ဆူမားတြားပြည်နယ်၊ မေဒန်မြို့က ရဲဌာနချုပ်အပြင်ဘက်မှာ အသေခံ ဗုံးဖောက်ခွဲမှုလို့ သံသယရှိတဲ့ ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရ အရာရှိတယောက်က ပြောပါတယ်။
ဗုံးပေါက်ကွဲမှုအတွင်း အသေခံဗုံးခွဲသမားလို့ သံသယရှိသူ သေဆုံးခဲ့တယ်လို့ မြောက်ဆူမားတြားပြည်နယ်ရဲဌာန ပြောခွင့်ရ တာတန်ဒီဆန် အက်မာဂျာက တယ်လီဖုန်းနဲ့ ပြောပါတယ်။
ဒီနေ့မနက် ၈ နာရီ မိနစ် ၄၀ လောက်မှာ ဗုံးပေါက်ခဲ့ပြီး ရဲဝန်ထမ်းတချို့လည်း ဒဏ်ရာရခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။
အခင်းဖြစ်တဲ့ ရဲဌာနချုပ် အဆောက်အအုံ အပြင်ဘက်ကို လူတွေ ပြေးထွက်လာတဲ့ ရုပ်သံဖိုင်ကို အင်ဒိုနီးရှား ရုပ်သံလိုင်းတွေက ထုတ်လွှင့်ခဲ့ကြပါတယ်။