Home
မြန်မာသတင်း
ထောင်ဒဏ်ကျခံနေရသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကို ထပ်မံစွဲချက်တင်
ချမ်းမြေ့မောင်
·
November 13, 2019
76893622_2538502156385595_6347298773940568064_o
75439470_2538502409718903_8604640766179934208_o
74851106_2538502316385579_3174865844115079168_o
74574443_2538502356385575_4603097140397342720_o
69686213_2538502206385590_2518483683237691392_o
သင်္ကြန်တွင်း သံချပ်ဖျော်ဖြေမှုတွေနဲ့ပတ်သက်ပြီး ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၄ ဦးကို ဆက်သွယ်ရေး ဥပ‌ဒေ ပုဒ်မ ၆၆(ဃ)နဲ့ မရမ်းကုန်းမြို့နယ်တရားရုံးမှာ နိုဝင်ဘာ ၁၃ ရက်နေ့က စွဲချက်တင်အမိန့်ချ မှတ်လိုက်ပါတယ်။ သံချပ်အဖွဲ့ဝင်  ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေနဲ့ မဆုရတနာမြင့်တို့ ဦးကို တပ်မတော်က ဆက်သွယ်ရေး ဥပ‌ဒေ ပုဒ်မ - ၆၆(ဃ) နဲ့ စွဲချက်တင်လိုက်တာဖြစ်ပါတယ်။ သံချပ်အဖွဲ့ဝင် ၅ ဦးကို အခုစွဲချက်တင်ခဲ့တဲ့ တရားရုံးမှာပဲ အောက်တိုဘာ ၃၀ ရက်နေ့က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ တပ်မတော်က တရားစွဲပြီး အလုပ်နဲ့ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့ပါတယ်။ သံချပ်အဖွဲ့ဝင်တွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေက “သံချပ်အဖွဲ့ဝင်တွေကို ဆက်တိုက်ဆိုသလို ထောင်ဒဏ်ချမှတ်တာတွေ တရားစွဲတင်တာတွေ ပြုလုပ်လာတဲ့အပေါ် လူ့ အခွင့်အရေးရပါ။ ဆုံးရှုံးမှုတွေရှိလာတဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံ အပါအဝင် ဌာနဆိုင်ရာ အကြီးအကဲတွေထံ တင်ပြသွားဖို့ရှိတယ်”လို့ ပြောပါတယ်။ ဆက်လက်ပြီးတော့လည်း  ဗိုလ်တထောင်တရားရုံးမှာ သံချပ်အဖွဲ့ဝင်တွေကို  စွဲဆိုထားတဲ့ အသေရေဖျက်မှု ပုဒ်မ ၅၀၅(က) အမှုကို အခုလ ၁၈ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ်ဖို့ ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024