အဝေးသင်တက္ကသိုလ်ဝင်ခွင့်ရစာရင်း နိုဝင်ဘာလလယ်တွင် ထုတ်ပြန်မည်
DVB
·
November 13, 2019
အခုပညာသင်နှစ်အတွက် ပထမနှစ်အဝေးသင်တက္ကသိုလ် ဝင်ခွင့်ရရှိသူတွေရဲ့ စာရင်းတွေကို နိုဝင်ဘာလအလယ်လောက်မှာ ထုတ်ပြန်ကြေညာမယ်လို့ အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။
အဝေးသင်တက္ကသိုလ်တွေကို လျှောက်ထားတဲ့ ကျောင်းသား၊ကျောင်းသူတွေရဲ့ ဝင်ခွင့် လျှောက်လွှာတွေကို လက်ရှိမှာ စိစစ်တာတွေ လုပ်ဆောင်နေပါတယ်။
အခုနှစ် အဝေးသင်တက္ကသိုလ်တွေကို ဝင်ခွင့်ရရှိသူတွေရဲ့စာရင်းတွေကိုတော့ သက်ဆိုင်ရာ ကျောင်းတွေရဲ့ ဝက်ဆိုဒ်တွေနဲ့ကျောင်းမှာ ကြေညာပေးသွားမှာဖြစ်သလို၊ အဆင့်မြင့်ပညာ ဦးစီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနရဲ့ဝက်ဘ်ဆိုဒ်တွေမှာပါ ကြေညာပေးသွားမှာဖြစ်ပါတယ်။
အဝေးသင်တက္ကသိုလ်ကိုဝင်ခွင့်ရရှိပြီးမှ နေ့သင်တန်းကို ပြောင်းလဲ တက်ရောက်ချင်တဲ့ ကျောင်းသားတွေအနေနဲ့ ဒီဇင်ဘာလ ၂၀ ရက် နောက်ဆုံးထားပြီး ပြောင်းလဲခွင့်လျှောက်လွှာ တင်သွင်းရမှာဖြစ်ပါတယ်။
ဒီပညာသင်နှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲကိုအောင်မြင်ခဲ့တဲ့ ကျောင်းသား၊ကျောင်းသူ ၂၆၀,၀၀၀ ကျော်ရှိပြီး နေ့သင်တန်းဝင်ခွင့်ရရှိသူ ၁၂၀,၀၀၀ ကျော်ရှိကာ အဝေးသင် လျှောက်ထားသူတွေကတော့ ၁၄၀.၀၀၀ ကျော်ရှိပါတယ်။