Home
မြန်မာသတင်း
ချင်းအမတ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးရန်  ပြည်ထောင်စုလွှတ်တော်၌ အရေးကြီးအဆိုတင်
နေဖြိုးဝင်း
·
November 13, 2019

အေအေလက်နက်ကိုင်တပ်ဖွဲ့က ဖမ်းဆီးထားတဲ့ ချင်းအမတ် ဦးဝှေ့တင်းကို အမြန်ဆုံးလွှတ်ပေးဖို့ နိုဝင်ဘာလ ၁၃ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းဝေးမှာ အရေးကြီးအဆို တင်သွင်းလိုက်ပါတယ်။

ဒီအဆိုကို မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက တင်သွင်းထားတာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်ကို အသိပေးခဲ့ပါတယ်။

ဦးဝှေ့တင်းကိုဖမ်းဆီးထားတာဟာ နိုင်ငံတော်က ဆောင်ရွက်နေတဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒနဲ့ ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင်အကြမ်းဖက်တာဖြစ်လို့  ပြည်ထောင်စုလွှတ်တော်က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး အခုလို ဦးဝှေ့တင်းနဲ့တကွ ဝန်ထမ်းတွေနဲ့ အရပ်သားတွေကို လုံခြုံစိတ်ချ အန္တရာယ်ကင်းရှင်းစွာ ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုကြောင်း အရေးကြီးအဆိုမှာဖော်ပြပါတယ်။ 

ဒီအရေးကြီးအဆိုနဲ့ပတ်သက်ပြီး အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ထောက်ခံခြင်းနဲ့ လက်ခံဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ်ရယူတဲ့ အစီအစဉ်ကို မွန်းလွဲပိုင်း သင့်တော်တဲ့အချိန်မှာ ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်။

 

နိုဝင်ဘာ ၁ ရက်က လွှတ်တော်အစည်းအဝေးတက်ရောက်ဖို့ ပလက်ဝကနေ ကျောက်တော်ကို အမြန်ရေယာဉ်နဲ့ ထွက်ခွာလာတဲ့ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ် ၁၁ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို  ရက္ခိုင့်တပ်တော် အေအေက ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024