Home
မြန်မာသတင်း
သုံ့ပန်းချင်းလဲလှယ်ရန် တပ်မတော်ကို အေအေကမ်းလှမ်း 
DVB
·
November 12, 2019
b05877_cda98cff1c184e85ba3faa27fab99d0b_mv2_d_3508_2480_s_4_2
b05877_873b5ef0f65546a5a42df53ac84e4069_mv2_d_3508_2480_s_4_2
b05877_91e0140268c1445e8db2fe20072b58d4_mv2_d_3508_2480_s_4_2
အေအေဘက်က ဖမ်းထားတဲ့စစ်ဘက်နဲ့ သက်ဆိုင်သူ ၁၇ ဦးနဲ့ တပ်မတော်ဘက်က အေအေနဲ့ပက်သက်ဆက်နွှယ် ဖမ်းဆီးတရားစွဲဆိုထားတဲ့သူတွေကို ကြားဝင်စေ့စပ်ပေးသူရှိပါက သုံ့ပန်းချင်းလဲလှယ်လိုတယ်လို့ ရက္ခိုင့်တပ်တော်(အေအေ)က ကမ်းလှမ်းလိုက်ပါတယ်။ အေအေအနေနဲ့ စစ်ဘက်နဲ့သက်ဆိုင်သူတွေကို အေအေအဖွဲ့ရဲ့ သုံ့ပန်းထိန်းသိမ်းခြင်းဆိုင်ရာ စည်းကမ်းတွေနဲ့အညီ ထိန်းသိမ်းထားပြီး မြန်မာတပ်မတော်ဘက်က ဖမ်းဆီးထားတဲ့သူတွေ ကိုလည်း ကောင်းမွန်စွာထိန်းသိမ်းထားမယ်လို့ မျှော်လင့်ကြောင်းလည်း အေအေရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ၂၀၁၉ အောက်တိုဘာ ၂၆ ရက်က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာအနီး ရွှေနဒီအမြန်ယာဉ်ပေါ်မှာ လိုက်ပါလာသူတွေကို စစ်ရေးလိုအပ်ချက်အရ ခေါ်ယူစစ်ဆေးခဲ့ပြီး အရပ်သား ၂၅ ဦးကို နိုဝင်ဘာ ၅ ရက်က ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။  ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ခိုက်မှုတွေဆက်ရှိနေတာကြောင့် အေအေက ဖမ်းထားတဲ့ သူတွေ လက်နက်ကြီးကျည်တွေကြောင့် သေဆုံးမှာကို အထူးစိုးရိမ်တယ်လို့လည်း နိုဝင်ဘာ ၁၁ရက်စွဲနဲ့ အေအေ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024