Home
မြန်မာသတင်း
အောင်လအန်ဆန်နှင့် ဖိုးသော်တို့ ရွှေပြည်သာတွင် ကလေးငယ်များကိုတွေ့ဆုံအားပေး
DVB
·
November 11, 2019
75439481_2623033134584950_4617603843411148800_o
75388327_2623033577918239_1344881580388122624_o
75362251_1695204170612713_3002229083896545280_n
75279265_2623035774584686_641976651588042752_o
75233464_2623032957918301_1011559944618508288_o
74905564_2623034417918155_7531332940035260416_o
74692571_2623035877918009_2493330520801280000_o
74522561_2623032861251644_5102799822029586432_o
72800699_2623297557891841_2618903403052400640_o
72297196_1695204137279383_2630170085817319424_n
ONE Championship ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နဲ့ MMA ကစားသမား ဖိုးသော်တို့ပါဝင်တဲ့အဖွဲ့ဟာ ရန်ကုန် ရွှေပြည်သာမြို့နယ်ကို မနေ့က သွားရောက်ပြီး ကလေးငယ်တွေနဲ့ တွေ့ဆုံကာ ပညာရေးအတွက် အားပေးခဲ့ကြပါတယ်။  မြန်မာရွေ့လျားပညာရေးစီမံကိန်း(MYME ) ရဲ့အစီအစဉ်နဲ့ သွားရောက်တာ ဖြစ်ပါတယ်။  အောင်လအန်ဆန်က “ပညာရေးဟာ အရေးအကြီးဆုံးအရာဖြစ်ပြီးတော့ ပညာရေးနဲ့ ပတ်သက်ပြီး တတ်စွမ်းသလောက်လုပ်ဆောင်နေတဲ့ မြန်မာရွေ့လျားပညာရေး စီမံကိန်း(MYME project) အဖွဲ့ကိုလည်း ဒီနေ့အစီအစဉ်မှာ ပါဝင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။  သင်တို့ဟာ ဒီလူမှုအသိုင်းအဝိုင်းအတွက် တကယ့်သူရဲကောင်းတွေပါ”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အောက်တိုဘာ ၁၃ ရက်နေ့ကကျင်းပတဲ့  ONE Championship ပြိုင်ပွဲမှာ အောင်လအန်ဆန်က စိန်ခေါ်သူ ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာကို ဒုတိယအချီမှာ အလဲထိုး အနိုင်ရရှိခဲ့ပါတယ်။  ဓာတ်ပုံ- Poethaw
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024