Homeမြန်မာသတင်း
လေးဖြူသီဆိုသည့် ရိုးမပေါ်ကျတဲ့မျက်ရည် ရုပ်ရှင်ဇာတ်ဝင်တေး အွန်လိုင်းပေါ် ရေပန်းစား(ရုပ်သံ)
လေးဖြူသီဆိုသည့် ရိုးမပေါ်ကျတဲ့မျက်ရည် ရုပ်ရှင်ဇာတ်ဝင်တေး အွန်လိုင်းပေါ် ရေပန်းစား(ရုပ်သံ)
DVB
·
November 11, 2019
နာမည်ကြီး ရော့ခ်တေးသံရှင်တဦးဖြစ်တဲ့ လေးဖြူသီဆိုထားတဲ့ ရိုးမပေါ်ကျတဲ့ မျက်ရည်ရုပ်ရှင်ဇာတ်ဝင်တေးဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေပန်း စားနေခဲ့ပါတယ်။
“ပင်လယ်ပြင်သမုဒ္ဒရာ… ရေတွေဝင်လာနားဖို့ ရင်ခွင်ဖွင့်ပေးထား… ကောင်းကင် တိမ်တွေ လေပေါ်ပိုက်လို့… ရင်ဖွင့်စောင့်ရှောက်လို့ထား… ကမ္ဘာမြေပြင်အနှံ့မှာ… အနာ ခံအကြင်နာမေတ္တာ… သံသရာရှည်ခဲ့ကြ… သက္ကရာဇ်များစွာ ဘဝအဆက်ဆက်… ထာဝ ရသက်ရှိ အလှတရား”
ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်ကို အခြေခံရိုက်ကူးထားတဲ့ “ရိုးမပေါ်ကျတဲ့ မျက်ရည်” ရုပ်ရှင်ဇာတ်ကားကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့ကတည်းက ရုံတင်ပြသနေတာ ဖြစ်ပြီး ပရိသတ်တွေ အားပေးလက်ခံမှုရရှိနေခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။
ဘိုဘိုရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကတော့ စာရေးဆ ရာ တင်ညွန့်ရဲ့ ဝတ္ထုကို သက်ဦးမောင်နဲ့ မင်းသခင်တို့က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက် တာ ကိုပေါက်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
စာရေးဆရာ တင်ညွန့်ရဲ့ ဒီဝတ္ထုဟာ အမျိုးသားစာပေဆုလည်း ရရှိခဲ့ပြီး ၁၉၈၀ ပြည့်လွန်ကာလက ပဲခူးရိုးမထဲက ရွာလေးတရွာမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို အခြေတည်ထားခဲ့တာပါ။ ခုတခါ ရုပ်ရှင်အနေနဲ့ ဖန်တီးမှုမှာတော့ အဲဒီခေတ်ကာလ အ ပြင်အဆင်တွေ၊ ကျေးလက်ဒေသကျောင်းဆရာ၊ ဆရာမတွေရဲ့ ဘဝအခြေအနေတွေနဲ့ အ တူ ဘဝသရုပ်ဖော် ဒရာမာဇာတ်လမ်းတပုဒ်အနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသား မြင့်မြတ်၊ ထူး အောင်၊ အောင်ရေချမ်း၊ အိနြ္ဒာကျော်ဇင်၊ ခိုင်သင်းကြည်၊ မေမြင့်မိုရ်နဲ့ တခြားသရုပ် ဆောင်တွေ အများကြီး ပါဝင်ထားကြတာပါ။
“ကျောခင်းတံတားများ”လို့ အမည်ပေးထားတဲ့ ဒီရုပ်ရှင်ကားရဲ့ ဇာတ်ဝင်တေးကို တော့ တေးရေး ထုံကြီးက ရေးဖွဲ့ပေးထားတာဖြစ်ပြီး လေးဖြူရဲ့ သီဆိုမှုနဲ့အတူ ဇာတ်ဝင် ခန်းမြင်ကွင်းတွေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။
“မြင်နိုင်သည်ဖြစ်စေ… မမြင်သည်ဖြစ်စေ… မရပ်တန့် ကရုဏာများ… ကိုယ်တိုင် ဝင်ခံစားလေ… ပိုနက်ရှိုင်းလေ… ကျောခင်းတံတားပေါ်က အမှန်တရား… မြေဆီလွှာ ပေါ်မှာ ထွန်ယက်သွား… အသက်ထက်ရင့်မှည့်တဲ့ ပေးဆပ်ခြင်းတွေအား… နာကျင်လေ တဲ့ ဝဋ်ကြွေး… ချိုမြိန်စွာဟစ်ကြွေး”
လတ်တလောမှာတော့ ဒီရုပ်ရှင်ဇာတ်ဝင်တေးရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်အင် တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၂ ရက်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ် ရေ ၅ သိန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။