DVB Logo
Home
မြန်မာသတင်း
သရက်ပြင်ရွာအနီးတိုက်ပွဲဖြစ်ပွားသဖြင့် လူငယ် ၁ ဦးကျည်ထိမှန်၊ ရွာသားများထွက်ပြေး
DVB
·
November 8, 2019
သရက်ပြင်ရွာအနီးတိုက်ပွဲဖြစ်ပွားသဖြင့် လူငယ် ၁ ဦးကျည်ထိမှန်၊ ရွာသားများထွက်ပြေး
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ရွာအနီး အေအေနဲ့ တပ်မတော်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး ရွာသားလူငယ်တဦး ဒီနေ့ မနက် ၁၁ နာရီလောက်က ကျည်ထိမှန်တာကြောင့် ဘူးသီးတောင်ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

သေနတ်ဒဏ်ရာရသွားတဲ့ လူငယ်ဟာ  မာမတ်ဟူဆောင် ၁၅ နှစ် (ဘ) ကာလူဖြစ်ပြီး အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိဘူးလို့ ဘူးသီးတောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောပါတယ်။

"စိုးရိမ်စရာ ဒဏ်ရာတော့ မဟုတ်ပါဘူး။ တိုက်ပွဲကတော့ ဒီနေ့နဲ့ဆို ၃ ရက်ရှိနေပြီ။ မြို့ပေါ်က လက်နက်ကြီးပစ်သံက အမြဲကြားနေရတယ်” လို့ ပြောပါတယ်။ 

သရက်ပြင်ကျေးရွာဟာ အိမ်ခြေ ၁၆၀ ကျော် လူဦးရေ ၆၀၀ လောက်နေထိုင်တဲ့ ကျေးရွာ ဖြစ်ပြီး တိုက်ပွဲတွေကြောင့် ကျေးရွာသူ၊ ရွာသားတွေဟာ  ဘေးလွတ်ရာ ထွက်ပြေးနေကြပါတယ်။

အဆိုပါကျေးရွာအနီးအနားရှိ စိုင်းတင်တံတားနဲ့ ထိပ်တူးပေါက်တောင်အနီးမှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး နိုဝင်ဘာလ ၅ ရက်နေ့ကစပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်​ရွာနဲ့ ဖုံညိုလိပ်ရွာတွေအနီး ပြီးခဲ့တဲ့ရက်က  တိုက်ပွဲဖြစ်ပွားရာမှာ ရွာသား ၁ ဦးသေဆုံးပြီး ၃ ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရပါတယ်။ 

ဒဏ်ရာရပြီး သတိလစ်နေတဲ့ အသက် ၂ နှစ်အရွယ် ကလေးကတော့ ပြန်လည်သတိရလာပြီလို့ အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောပါတယ်။

တိုက်ပွဲတွေကြောင့် သေဆုံးသူတဦးကို ကျပ် ၃ သိန်းနဲ့ ဆေးရုံတင်ကုသရသူတဦးကို ကျပ် ၅ သောင်း ထောက်ပံ့ပေးတယ်လို့လည်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကောင်းကောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013