Home
မြန်မာသတင်း
သထုံမြို့နယ် မရမ်းကုန်းအထက်တန်းကျောင်း ဝရန်တာပြိုကျ ကျောင်းသား ၂၃ ဦး ဒဏ်ရာရ
DVB
·
November 8, 2019
74823380_2842879202391833_1622198113928216576_n
75561616_2842879142391839_7214270233677135872_n
75519345_2842879109058509_529849482284630016_n
75361055_2842879179058502_9090767481391284224_n
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်းအထက်တန်းကျောင်း ဝရန်တာ ပြိုကျတာကြောင့် ကျောင်းသူ ကျောင်းသား ၂၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်နယ် ပညာရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင်က ဒီဗွီဘီကို ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၈ ရက် နေ့လယ် ၁ နာရီခွဲလောက်က  ပြိုကျခဲ့တာဖြစ်ပြီး ဝရန်တာ ပြိုတာကြောင့် ကျောင်းသား ကျောင်းသူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီမရမ်းကုန်းအထက်တန်းကျောင်းမှာ  ကျောင်းကထိန်နဲ့ ကျောင်းဆရာမ နှစ်ဦး နုတ်ဆက်ပွဲ ရှိတာကြောင့် ဝရန်တာမှာ ကျောင်းသူကျောင်းသားတွေ သွားလာမှုများပြီး ကျောင်းဝရန်တာ ပြိုကျခဲ့တာလို့ မွန်ပြည်နယ်လွှတ်တော် သထုံမြို့နယ် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့  ကျောင်းသူ ကျောင်းသား ၂၃ ဦးထဲမှာ ကျောင်းသား ၂ ဦးဟာ ခြေထောက်နဲ့ လက်ကျိုးခဲ့ပြီး ကျန်ကျောင်းသားတွေကတော့ ပွန်းပဲ့ ဒဏ်ရာတွေ ရရှိခဲ့တာပါ။ လက်ရှိမှာတော့ ဒဏ်ရာ ရရှိခဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေကို သထုံဆေးရုံကို ပို့ဆောင်ထားတာပါ။ အခုလို ကျောင်းဝရန်တာ ပြိုကျခဲ့တဲ့ ကျောင်းဆောင်ကိုတော့ အန္တရာယ်ရှိတဲ့ အဆောင်အဖြစ်  သတ်မှတ်ထားတာမရှိဘူးလို့ ပညာရေးမှူးက ပြောပါတယ်။ ဒီကျောင်းကိုတော့ ၁၉၇၃ ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး၊ သစ်သား အုတ်ညှပ် နှစ်ထပ် ကျောင်းဆောင် အမျိုးအစား ဖြစ်ပါတယ်။ ဇော်လွင်ထွဋ် 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024