ထိုင်းကုန်စည်ပြပွဲတွင် ဆိုင်ခန်းပေါင်း ၁၅၀ ခန့်ဖွင့်လှစ်ရောင်းချ
သူဇာလင်း
·
November 8, 2019
မြန်မာနဲ့ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးဖို့နဲ့ ကုန်သွယ်ရေးတွေ ပိုပြီးမြှင့်တင်နိုင်ဖို့အတွက် ၆ ကြိမ်မြောက် Yangon Expo – Thai Products Fair ကို ရန်ကုန်မြို့တပ်မတော်ခန်းမမှာ ကျင်းပနေပါတယ်။
နိုဝင်ဘာ ၈ ရက်ကနေ ၁၁ ရက်နေ့အထိ ကျင်းပမယ့် Yangon Expo – Thai Products Fair ပွဲမှာ မြန်မာနိုင်ငံကထုတ်ကုန်တွေအပြင် ထိုင်းနိုင်ငံက ဆေးဝါး၊ အလှကုန်၊ အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းမျိုးစုံကို ဆိုင်ခန်းပေါင်း ၁၅၀ လောက် ဖွင့်လှစ် ရောင်းချပေးနေပါတယ်။
ဒီပြပွဲက ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံက အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပြုဖို့အတွက် ရည်ရွယ်ကျင်းပတာဖြစ်ပြီး ထိုင်းကုန်သည်များအသင်းက ဦးဆောင်ကျင်းပတာလည်း ဖြစ်ပါတယ်။