Home
မြန်မာသတင်း
မိတ္ထီလာတွင်ယာဉ် ၂ စီးတိုက်မိပြီး အမျိုးသမီး ၁ ဦးသေ၊ ၂၀ ဦးဒဏ်ရာရ 
DVB
·
November 8, 2019
76638833_3069357069869956_1503589731600957440_n
74802912_3069357276536602_3817537747829129216_n
74701576_3069357099869953_766841633034469376_n
74453696_3069357006536629_7116368455619575808_n
74427919_3069357036536626_7089650932949975040_n
မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း၊ မိတ္ထီလာမြို့နယ်၊ ဂွေ့ကြီးရွာ ဘုန်းတော်ကြီးကျောင်းရှေ့မှာ နိုဝင်ဘာ ၆ ရက်ညနေက ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁၇ ဦးဒဏ်ရာရပြီး အမျိုးသမီး ၁ ဦးသေဆုံးသွားတယ်လို့ မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။ မိတ္ထီလာဘက်ကို မောင်းလာတဲ့ လိုက်ထရပ်ကားတစီးက အရှိန်မထိန်းနိုင်ပဲ စလစ်ဖြစ်ကာ တဖက်ယာဉ်ကြောရှိ မျက်နှာချင်းဆိုင်လာနေတဲ့ ကင်တာ ၆ ဘီးကားရဲ့ ခါးပိုင်းကို ဝင်ရောက်တိုက်မိခဲ့တာပါ။ ယာဉ်တိုက်မှုမှာ ကင်တာကား တိမ်းမှောက်သွားခဲ့တာကြောင့်  လိုက်ထရပ်ကားပေါ်ပါသူ ၂ဦး ဒဏ်ရာရပြီး ကင်တာကားပေါ်လိုက်ပါလာသူ ၁၈ ဦး ဒဏ်ရာရကာ အခင်းဖြစ်နေရာတင် ကျွန်းစုရွာနေ  အသက် ၄၃နှစ်အရွယ် အမျိုးသမီး တဦး သေဆုံးသွားပါတယ်။ မိတ္ထီလာမြို့မရဲစခန်း တာဝန်ကျရဲအရာရှိက "ကင်တာကားက စျေးလိုက်လာတဲ့ကားပါ။ အမျိုးသမီး ၁ ဦး သေဆုံးသွားတယ်။ ဒဏ်ရာရတာ အမျိုးသမီးတွေ များတယ်။ မိတ္ထီလာဆေးရုံ ပို့ပေးရတယ်"လို့ ပြောပါတယ်။ မိတ္ထီလာမြို့မရဲစခန်းက လိုက်ထရပ်ကား ယာဉ်မောင်း ထူးထူးကျော်ကို ယာဉ်မဆင်မခြင်မောင်းပြီး လူသေဆုံးမှု၊ ပြင်းထန်ဒဏ်ရာရမှု၊ သာမန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ တို့နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024