ဦးစိုးထွန်းရှိန်ကို ရမည်းသင်းမြို့နယ် တရားရုံးတွင် ရုံးထုတ် ရမန်ယူ
နေဖြိုးဝင်း
·
November 7, 2019
ဝရမ်းပြေးအဖြစ် ကြေညာခံရပြီး ထိုင်းနိုင်ငံမှာ ဖမ်းမိခဲ့တဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကို ဒီနေ့ နိုဝင်ဘာ ၇ ရက်နေ့က ရမည်းသင်းမြို့နယ် တရားရုံးမှာ ရုံးထုတ် ရမန်ယူပါတယ်။
ရမည်းသင်းမြို့နယ် တရားသူကြီး ဦးဇော်လင်းမောင်က “မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ ၃၀(က)နဲ့ ဒီနေ့ တရားစွဲဆိုလိုက်တာပါ။ တရားလိုကိုစစ်ဖို့ နိုဝင်ဘာ ၁၃ ရက်နေ့ကို ရုံးချိန်း ပြန်ချိန်းလိုက်ပါတယ်”လို့ ပြောပါတယ်။
ဦးစိုးထွန်းရှိန်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းက အထွေထွေမန်နေဂျာ ဦးအေးဇော်က တရားလိုအနေနဲ့ တရားစွဲဆိုတာ ဖြစ်ပါတယ်။
ဦးစိုးထွန်းရှိန်ဟာ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့မရဲစခန်း(ပ) ၆၁/၂၀၁၈၊ မြန်မာ့ သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)/ကျင့် ၅၁၂ အမှုနဲ့ အမှုဖွင့် တရားစွဲဆိုခံရထားရပြီး ထွက်ပြေး တိမ်းရှောင်နေတာဖြစ်ပါတယ်။
ဦးစိုးထွန်းရှိန်ကို မနေ့က ထိုင်းနိုင်ငံမှာ ဖမ်းမိခဲ့ပြီး တာချီလိတ်မြို့ကနေ မန္တလေးမြို့ကို လေယာဉ်နဲ့ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။