မင်းပြားမြို့နယ်တွင် စစ်ပြေးဒုက္ခသည်ကလေးငယ်များ ပညာသင်ကြားခွင့်ဆုံးရှုံးနေ
ဝဏ္ဏခွာညို
·
November 7, 2019
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ကို ခိုလှုံရောက်ရှိလာကြတဲ့ စစ်ဘေးရှောင်တချို့ဟာ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေပြီး ကလေးတွေဟာလည်း ပညာဆက်လက်သင်ကြားနိုင်ရေး အကူအညီလိုအပ်နေတယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်နဲ့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
မင်းပြားမြို့နယ်ကို ရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်ရွာသား ၁၀၀၀ ဝန်းကျင်လောက်ဟာ အကူအညီရရှိမှု နည်းပါးနေတဲ့အတွက် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေအနေနဲ့ ဖြည့်ဆည်းပေးဖို့လည်း ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုပါတယ်။
ဒါ့အပြင်တိုက်ပွဲတွေကြောင့် ကျောင်းတက်ပညာမသင်ကြားနိုင်ဘဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကလေးငယ်တွေဟာ မင်းပြားမြို့နယ်အတွင်းက ကျေးရွာ ၂၀ လောက်မှာ ကျောင်းသားအရေအတွက် ရာနဲ့ချီရှိနိုင်တယ်လို့ ရခိုင်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြေပါတယ်။
ဒီကိစ္စနဲ့ပတ်သကို့ ရခိုင်ပြည်နယ် ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းကို မေးမြန်းရာမှာ သူ့ဆီကို မင်းပြားမြို့နယ်ဘက်က ကျောင်းမတက်မရတဲ့ ကျောင်းသူကျောင်းသား စာရင်းတွေ ရောက်မလာသေးလို့ အရေအတွက်ကို အတိအကျပြောဖို့ခက်တယ်လို့ ပြောပါတယ်။