DVB Logo
Home
မြန်မာသတင်း
လဂျားယန်စစ်ဆင်ရေး ရပ်ဆိုင်းကြောင်း အစိုးရကြေညာ
DVB
·
January 19, 2013
လဂျားယန်စစ်ဆင်ရေး ရပ်ဆိုင်းကြောင်း အစိုးရကြေညာ
Donate to DVB

ကချင်ပြည်နယ် လဂျားယန်ဒေသမှာ အစိုးရတပ်တွေက ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်တွေကို တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးကို ဒီကနေ့ မနက်ကစပြီး ရပ်ဆိုင်းတော့မှာ ဖြစ်တဲ့အကြောင်း အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာလိုက်ပါတယ်။

ဇန်န၀ါရီလ ၁၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ဒီကြေညာချက်မှာ “တပ်မတော်အနေဖြင့် လဂျားယန်စခန်းရှိ စစ်သည်များ လုံခြုံရေးနှင့် မြစ်ကြီးနား- ဗန်းမော် ပြည်ထောင်စုလမ်းမကြီး လုံခြုံရေးအတွက် လိုအပ်သည့် ကန့်သတ် ရည်မှန်းချက်များကို ရရှိပြီးဖြစ်သောကြောင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် ၀၆ ၀၀ နာရီမှ စတင်ပြီး လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း “ ဖော်ပြထားပါတယ်။

အစိုးရတပ်တွေအနေနဲ့ သမ္မတညွှန်ကြားချက်အတိုင်း ခုခံကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှုတွေ မပြုလုပ်ရန်ဆိုတဲ့ အချက်ကို အတိအကျလိုက်နာသွားမှာဖြစ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်က အတည်ပြုပြောတဲ့အကြောင်းနဲ့ ကေအိုင်အေတပ်တွေအနေနဲ့ စတင်တိုက်ခိုက်တာတွေမလုပ်ဖို့ လက်အောက်ခံတပ်ဖွဲ့တွေကို ညွန်ကြားဖို့ လိုတယ်လို့လည်း တောင်းဆိုထားပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် ကချင်ပြည်နယ်တွင်းဖြစ်ပွားနေတဲ့ ကေအိုင်အို- ကေအိုင်အေတပ်တွေနဲ့ အစိုးရတပ်တွေအကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အမြန်ဆုံးစတင်ဆောက်ရွက်ကြဖို့  ပြည်သူ့လွှတ်တော်က ကြေညာချက်ထုတ်ပြန်တိုက် တွန်းလိုက်ပြီးနာရီပိုင်းအတွင်း  အစိုးရရဲ့ ကြေညာချက်ထွက်ပေါ်တာလာပါ။

မနေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာတော့ ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ကချင်စစ်ပွဲရပ်ပြီး နှစ်ဘက် တွေ့ဆုံဆွေးနွေးကြဖို့ကိစ္စ အရေးအကြီးအဆိုတရပ်တင်သွင်းပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးက ကန့်ကွက်သူမရှိ  တညီတညွတ်တည်း အတည်ပြုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ကေအိုင်အို- ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာကို ထိန်းချုပ်ဖို့ကြိုးစားတဲ့အနေနဲ့   ပြီးခဲ့တဲ့ရက်ပိုင်းက အစိုးရတပ်တွေက လဂျားယန်နဲ့ လ၀ါးယန်အနီး ကေအိုင်အေရဲ့ အရေးပါတဲ့ စိုးမိုးကုန်းတွေကို  မြေပြင်ထိုးစစ်နဲ့ရော လေယာဉ်တွေနဲ့ပါ နေ့စဉ်ရက်ဆက် ဆိုသလို အပြင်းအထန်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အစိုးရထုတ်ပြန်ကြေညာချက်မှာတော့ ကချင်လက်နက်ကိုင်တပ်တွေက လဂျားယန်တပ်မတော်စခန်းကို ၀န်းရံပိတ်ဆို့တာနဲ့ ရိက္ခာပို့တဲ့ စစ်ကြောင်းတွေကို ချုံခိုတိုက်တာ လမ်းတံတားတွေကို ပိတ်ဆို့ မိုင်းခွဲဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တာကြောင့် အစိုးရတပ်တွေက ရှင်းလင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013