လယ်တောသူ အလှမယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်
DVB
·
November 6, 2019
မြန်မာနိုင်ငံ ဆန်စပါးထုတ်လုပ်သူများအသင်းက ကြီးမှူးကျင်းပမယ့် ၅ ကြိမ်မြောက် လယ်တောသူ အလှမယ်ပြိုင်ပွဲ ၂၀၂၀ အတွက် ပါဝင်ယှဉ်ပြိုင်လိုသူတွေကို လျှောက်လွှာတွေ ခေါ်ယူနေပါတယ်။
ဒီပြိုင်ပွဲကိုတော့ လာမယ့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၉ ရက်ကနေ မတ်လ ၂ ရက်အထိ ကျင်းပမယ့် မြန်မာအပြည်ပြည်ဆိုင်ရာ လယ်ယာသုံးစက်ကိရိယာပြပွဲ ၂၀၂၀ - Myanmar Int’l Agrimach Expo 2020 နဲ့အတူ ကျင်းပသွားမှာ ဖြစ်ပါတယ်။
လျှောက်ထားနိုင်သူတွေအနေနဲ့ အသက် ၁၈ နှစ်နဲ့ ၂၅ နှစ်ကြား၊ အရပ် ၅ ပေ ၄ လက်မ အထက်၊ ကိုယ်အလေးချိန် ပေါင် ၁၀၀ နဲ့အထက်ရှိသူ၊ ကိုယ်ခန္ဓာကြံ့ခိုင်သူ၊ အိမ်ထောင်မရှိသူ (အပျို)ဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။
ဆုတွေအနေနဲ့ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနဲ့ အခြားဆုတွေ သတ်မှတ်ထားပြီး မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့အတူ ကိုယ်ရေးရာဇဝင်လျှောက်လွှာ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊ ၄” ၆” အရွယ် မြန်မာဝတ်စုံနဲ့ ရိုက်ကူးထားတဲ့ တကိုယ်လုံးပုံ ၁ ပုံ၊ ဘေးတိုက်ပုံ ၁ ပုံ၊ ကိုယ်တပိုင်းပုံ ၁ ပုံနဲ့ စိတ်ကြိုက်အလှပုံ ၁ ပုံ၊ စုစုပေါင်းဓာတ်ပုံ ၄ ပုံ ပူး တွဲပေးပို့ လျှောက်ထားရမှာ ဖြစ်ပါတယ်။
လျှောက်လွှာပေးပို့ရမယ့် နောက်ဆုံးရက်ကိုတော့ လာမယ့် ဒီဇင်ဘာလ ၂၃ ရက်နေ့ သတ်မှတ်ထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မြန်မာနိုင်ငံဆန်စပါး ထုတ်လုပ်သူများ အသင်းရုံးခန်း၊ UMFCCI Office Tower ၅ လွှာ၊ ဖုန်းနံပါတ် - ၀၁- ၂၃၁ ၄၈၄၁၊ ၀၁- ၂၃၁ ၄၈၄၂၊ ၀၉- ၅၁၈ ၅၇၈၃၊ ၀၉- ၅၁၈ ၅၇၈၄ ဖုန်းတွေကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။