Homeမြန်မာသတင်း
မြင့်မြတ်၊ အိန္ဒြာကျော်ဇင်တို့ ပါဝင်သည့် ဖြစ်ရပ်မှန်ရုပ်ရှင်-ရိုးမပေါ်ကျတဲ့ မျက်ရည်(နမူနာ)
မြင့်မြတ်၊ အိန္ဒြာကျော်ဇင်တို့ ပါဝင်သည့် ဖြစ်ရပ်မှန်ရုပ်ရှင်-ရိုးမပေါ်ကျတဲ့ မျက်ရည်(နမူနာ)
DVB
·
November 6, 2019

ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်ကို အခြေခံရိုက်ကူးထားတဲ့ ‘ရိုးမပေါ်ကျတဲ့ မျက်ရည်’ မြန်မာရုပ်ရှင်ဇာတ်ကားကို လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဘိုဘိုရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကတော့ စာရေးဆရာ တင်ညွန့်ရဲ့ ဝတ္ထုကို သက်ဦးမောင်နဲ့ မင်းသခင်တို့က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
စာရေးဆရာ တင်ညွန့်ရဲ့ ဒီဝတ္ထုဟာ အမျိုးသားစာပေဆုလည်း ရရှိခဲ့ပြီး ၁၉၈၀ ပြည့်လွန်ကာလက ပဲခူးရိုးမထဲက ရွာလေးတရွာမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို အခြေတည်ထားခဲ့တာပါ။ ခုတခါ ရုပ်ရှင်အနေနဲ့ ဖန်တီးမှုမှာတော့ အဲဒီခေတ်ကာလ အပြင်အဆင်တွေ၊ ကျေးလက်ဒေသကျောင်းဆရာ၊ ဆရာမတွေရဲ့ ဘဝအခြေအနေတွေနဲ့ အတူ ဘဝသရုပ်ဖော် ဒရာမာဇာတ်လမ်းတပုဒ်အနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသား မြင့်မြတ်၊ ထူးအောင်၊ အောင်ရေချမ်း၊ အိနြ္ဒာကျော်ဇင်၊ ခိုင်သင်းကြည်၊ မေမြင့်မိုရ်နဲ့ တခြားသရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြတာပါ။
ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းကျော် ရှိနေခဲ့တာပါ။