Home
မြန်မာသတင်း
ပဲခူးရွှေမော်ဓောအနီး ဒေါ်လာ ၃၅၀၀၀ တန် သန့်စင်ခန်း ကိုရီးယားက ဆောက်လုပ်လှူဒါန်း  
DVB
·
November 6, 2019
ဘုရားဖူးပြည်သူတွေ သန့်သန့်ရှင်းရှင်းနဲ့ အခမဲ့ အသုံးပြုနိုင်ဖို့အတွက် ဒေါ်လာ ၃၅၀၀၀ အကုန်ကျခံပြီး အများသုံးသန့်စင်ခန်းတခုကို ပဲခူးမြို့ ရွှေမော်ဓောစေတီခြေရင်းမှာ ကိုရီးယားနိုင်ငံက ဆောက်လုပ်လှူဒါန်းနေပါတယ်။ အများသုံးသန့်စင်ခန်းကို ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးရဲ့အနောက်ဘက် မွန်ဓမ္မာရုံအနီးမှာ အောက်တိုဘာ ၂၆ ရက်နေ့ကတည်းက စတင်ဆောက်လုပ်နေတာပါ။ သန့်စင်ခန်းဆောက်လုပ်ဖို့အတွက် ရွှေမော်ဓေါ ဂေါပကအဖွဲ့ကို တိုက်ရိုက်လှူတာ မဟုတ်ဘဲ WTA (World Toilet Association) ကနေမှတဆင့် လှူဒါန်းတာဖြစ်ပြီး Sun Shine Yangon ကုမ္ပဏီကကနေ တာဝန်ယူဆောက်လုပ်နေတာ ဖြစ်ပါတယ်။  အဲဒီသန့်စင်ခန်းကို ပေ ၃၀ အကျယ်ပတ်လည်ဆောက်လုပ်မှာဖြစ်ပြီး ကျား ၇ ခန်း၊ မ ၇ ခန်း နဲ့ ကျားအပေါ့သွားခန်းနဲ့ မအပေါ့သွားခန်းအပြင် ထိပ်ဆုံးမှာက မသန်စွမ်းသူတွေသွားဖို့အတွက်ပါ အထူးစီစဉ်ဆောက်လုပ်မှာဖြစ်ပြီး  ၃ ထပ်ဆောက်လုပ်မှာဖြစ်ပါတယ်။ အဲဒီသန့်စင်ခန်းကို ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ဖွင့်လှစ်နိုင်ဖို့အတွက် အပြီးဆောက်လုပ်ရမှာ ဖြစ်ပါတယ်။   အခုလက်ရှိမှာတော့ ပဲခူးရွှေမော်ဓောစေတီ အနောက်ဘက်မုဒ် အောက်ခြေနားမှာရှိတဲ့ သန့်စင်ခန်းကနေ တနှစ်ကို လေလံကြေး ကျပ် သိန်း၂၄၀ ရရှိနေပြီး အခု ကိုရီးယားနိုင်ငံ ကနေ လှူဒါန်းတဲ့သန့်စင်ခန်းပြီးသွားရင်တော့ လက်ရှိအခပေးသန့်စင်ခန်းကို ပိတ်သိမ်းဖို့ရှိတယ်လို့ သိရပါတယ်။ သတင်း-အောင်စိုးမိုး 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024