ကလေးအကြမ်းဖက်မှု၊ လူမှောင်ခိုကူးမှုတွေအကြောင်းရုပ်ရှင် “သေတ္တာအမှတ်(၈၈)” နမူနာ
DVB
·
November 5, 2019

ထူးခြားတဲ့ တင်ဆက်ပုံတွေနဲ့ ရှုစားကြရမယ့် မြန်မာဒရာမာရုပ်ရှင်-သေတ္တာ အမှတ် (၈၈)-Box No. 88 ကို လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါ တယ်။
ဒီကားကိုတော့ 7th Sense Film Production က တင်ဆက်လိုက်တာဖြစ်ပြီး နေဟိန်းရဲ့ ဇာတ်ညွှန်းကို မုန်းစွဲရုပ်ရှင်နဲ့ ဓာတ်ပုံအကယ်ဒမီထူးချွန်ဆုရ ဒါရိုက်တာ ဝင်း လွင်ထက်က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ကလေးသူငယ် အကြမ်း ဖက်မှုတွေ၊ ကြေကွဲစရာ အဖြစ်အပျက်တွေကြားမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ မိဘတွေနဲ့ ဒီ လိုအဖြစ်အပျက်တွေကို ဥပဒေဘောင်အတွင်းက ကိုင်တွယ်ဖြေရှင်းပေးနေတဲ့ တာဝန်ရှိ သူတွေနဲ့ မိဘတွေကြားကပြဿနာတွေကို ဒရာမာဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြ ရမှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်မင်းသား မင်းသမီးတွေဖြစ်ကြ တဲ့ နေတိုး၊ ထွန်းထွန်း၊ အိန္ဒြာကျော်ဇင်၊ သားညီ၊ ဂျင်းနီ၊ ကရာဗီ၊ ရွှေရင်အေး၊ နှင်း သွေးယုအောင်စတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က ရန်ကုန် မြို့၊ Junction Square မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။