DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်တွင် စစ်ပွဲ ရပ်ဆိုင်းရန် တရုတ်တောင်းဆို
DVB
·
January 18, 2013
ကချင်ပြည်နယ်တွင် စစ်ပွဲ ရပ်ဆိုင်းရန် တရုတ်တောင်းဆို
Donate to DVB

တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို လက်နက်ကြီးတွေ ကျရောက်လို့ အထူးစိုးရိမ်ရတဲ့အတွက် တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ မြန်မာအစိုးရကို တရုတ်အစိုးရက တိုက်တွန်းလိုက်ပါတယ်။

[caption id="attachment_35493" align="alignright" width="150" caption="တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မစ္စတာ ဟောင်းလီ"][/caption]

“မြန်မာအစိုးရတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နှစ်ဖက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် တရုတ်-မြန်မာ နယ်စပ် မီတာ ၅၀၀ အကွာမှာ ဇန်န၀ါရီ ၁၅ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံဘက်ကို အမြောက်ကျည်ဆန် ကျခဲ့တယ်။ မတော်တဆ ထိခိုက်တာတွေ မရှိပေမယ့် တရုတ်နိုင်ငံဘက်က စိုးရိမ်မှုတွေနဲ့ မကျေနပ်မှုတွေကို သိအောင် တင်ပြလိုက်ပါတယ်။ ဒီလိုကိစ္စမျိုး နောက်ထပ်မဖြစ်ပွားဖို့ မြန်မာ အစိုးရအနေနဲ့ လေးလေးနက်နက် ဆောင်ရွကဖို့လိုပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မစ္စတာ ဟောင်းလီက ဇန်န၀ါရီ ၁၇ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

မြန်မာဘက်က ပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တုန်းကလည်း တရုတ်နိုင်ငံဘက်ကို အမြောက်ကျည်ဆန်တွေ ကျခဲ့ပါတယ်။ ဒီကိစ္စကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် တာဝန်ရှိသူတွေက တိုက်ပွဲတွေကြောင့် ထိခိုက်မှု မရှိနိုင်အောင် တိုင်းတာဆောင်ရွက်မှုတွေကို လုပ်ထားတယ်လို့လည်း သူကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ကန့်ကွက်ကြောင်းနဲ့ နယ်စပ်တလျှောက်တွေမှာလည်း လုံခြုံရေး တိုးမြင့်ထားတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ၁၈ လအကြာ ဖြစ်ပွားပြီးနောက် ဒေသခံတွေ ၈ သောင်းလောက် အိုးအိမ်စွန့်ခွာပြီး တရုတ်-မြန်မာနယ်စပ်နားမှာ ခိုလှုံနေရပါတယ်။ တရုတ်နိုင်ငံထဲမှာတော့ ဒုက္ခသည်တွေကို တရားဝင် လက်ခံနေရာ ချထားပေးတာတော့ မရှိပါဘူး။

တချို့ဒုက္ခသည်တွေဟာ နီးစပ်ရာဆွေမျိုးတွေဆီမှာ သွားရောက်နေထိုင်နေတာတွေရှိပြီး အများစုက မြန်မာနိုင်ငံဘက်ခြမ်းမှာ ဖြစ်သလို နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013