ဖယ်ခုံ၊ ဆီဆိုင်နှင့် ပင်လောင်တို့မှ ဘိန်းစိုက်ခင်းဧက ၆၀ ခန့် ဖျက်ဆီး
DVB
·
November 2, 2019
ဖယ်ခုံ၊ဆီဆိုင်နှင့်ပင်လောင်းမြို့နယ်က ဘိန်းစိုက်ခင်းဧက ၆၀ လောက်ကို နိုဝင်ဘာ ၁ ရက်မှာ တာဝန်ရှိသူတွေက ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဖယ်ခုံမြို့မရဲစခန်းမှူး ဦးစီးတဲ့ ပူးပေါင်းအဖွဲ့ဟာ ဖယ်ခုံမြို့နယ်၊ လတိန်ကျေးရွာရဲ့ တောင် ဘက် ၂ မိုင်ခွဲခန့်အကွာမှာ အမြင့် ၂ ပေခွဲလောက် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ဧက ၂၀ လောက်ကို ဖျက်ဆီးရှင်းလင်းခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ဆီဆိုင်မြို့နယ်၊ ထီလုံးဆူကျေးရွာရဲ့ အရှေ့တောင်ဘက် ၂ မိုင်ခွဲလောက် အကွာက အမြင့် ၂ ပေလောက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၃ ဧကလောက်ကို ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးတဲ့ ပူးပေါင်း အဖွဲ့က ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာရဲ့ တောင်ဘက် ၂ မိုင်လောက်က အမြင့် ၂ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၄ ဒသမ ၅ ဧကခန့်ကို ပင်လောင်းဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးတဲ့ ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။