မူဆယ်-လားရှိုး ကားလမ်းတွင် စိတ်ကြွဆေးပြား ၂ သိန်းခွဲခန့် ဖမ်းမိ
DVB
·
November 2, 2019
ရှမ်းပြည်နယ် လားရှိုးမြို့နယ်၊ မူဆယ်-လားရှိုး ကားလမ်း အိုရီယမ်တယ်တိုးဂိတ်အနီးမှာ အောက်တိုဘာ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက WY စိတ်ကြွဆေးပြား ၂ သိန်းခွဲလောက် ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ ဗျာလူး (ခ) ဇူစူး မောင်းလာတဲ့ ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ခွကြားရှိ ကျောပိုးအိတ် ၂ လုံးအတွင်းမှ WY စိတ်ကြွဆေးပြား ၂၄၀၀၀၀ ပြား၊ ငွေကျပ် ၇ သိန်းနဲ့ ဘဏ်ငွေစုစာအုပ် ၁ အုပ်တို့အား သိမ်းဆည်းရမိခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ဗျာလူး(ခ)ဇူစူး(ဖမ်းမိ)အား လားရှိုးမြို့မရဲစခန်းက မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။