Home
မြန်မာသတင်း
နေရပ်စွန့်ခွာဒုက္ခသည် ၆၀ ကျော် ပြန်လည်ဝင်ရောက်
DVB
·
November 2, 2019
ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်သွားတဲ့ နေရပ်စွန့်ခွာဒုက္ခသည် ၆၀ ကျော် ပြန်လည်ဝင်ရောက်လာတယ်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးထံက ပြောပါတယ်။ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က "မနေ့က ၄၆ ဦး၊ ဒီနေ့ ၁၇ ဦး ဝင်လာတယ်။ သူတို့ကို ဘင်္ဂလားဘက်က တရားဝင်ပြန်မပို့တဲ့အတွက် လာချင်ကြပေမဲ့ မလာနိုင်ကြဘူး။ ဒါကြောင့် မိမိဆန္ဒအလျှောက် ပြန်လည်ဝင်ရောက်လိုပါတယ်ဆိုပြီး တင်ပြလျှောက်ထားလာသူတွေကို  ဒီမှာနေထိုင်ခဲ့ခြင်းရှိ၊ မရှိ စစ်ဆေးပြီး ဒီမှာမှန်ကန်တဲ့ အထောက်အထားတွေရှိမှ တရားဝင်လက်ခံတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။ ရခိုင်ပြည်နယ် မောင်တောဒေသမှာ ၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်ဖြစ်စဉ်နောက်ပိုင်း တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေထဲက အောက်တိုဘာ ၃၁ ရက်မှာ ငါးခူရ ပြန်လည်လက်ခံရေးစခန်းကို ၄၂ ဦး၊ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းကို ၄ ဦး၊ နိုဝင်ဘာ ၁ ရက်က တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းကို ၁၇ ဦး ဝင်ရောက်လာတာလို့ ဆိုပါတယ်။ "ပြန်လည်ဝင်ရောက်လာသူတွေကို လှဖိုးခေါင်မှာ ထားရမှာဖြစ်ပေမယ့် သူတို့ရဲ့ဆန္ဒအရ သူတို့ ဆွေမျိုးတွေရှိရာမှာ လောလောဆယ်နေထိုင်ဖို့ နေရာချထားပေးထားပါတယ်။ UEHRD အစီအစဉ်နဲ့ သူတို့ရဲ့ မူလနေထိုင်ရာ အနီးစပ်ဆုံးနေရာတွေမှာ ကျေးရွာသစ်တွေဆောက်ပြီး ပြန်လည်နေရာချထားပေးမှာပါ" လို့ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။ မြန်မာနိုင်ငံကို သူ့တို့ဆန္ဒအလျှောက် ပြန်လာတဲ့ နေရပ်စွန့်ခွာဒုက္ခသည် အရေအတွက်ဟာ နိုင်ဝင်ဘာ ၁ ရက်အထိ ၄၁၄ ဦး ရှိတယ်လို့ သိရပါတယ်။ ကောင်းကောင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024