Home
မြန်မာသတင်း
အာဆီယံထိပ်သီးအစည်းအဝေးတက်ရန် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့သွားရောက် 
DVB
·
November 1, 2019
73001697_1283391105194515_3644330006068330496_o
72740069_1283391008527858_5396428310647406592_o
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ (၃၅) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနဲ့  ဆက်စပ်ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ဖို့ ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ထွက်ခွာသွားပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ  ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ (ငြိမ်း)ရဲ့ ဖိတ်ကြားချက်အရ ဒီကနေ့ နိုဝင်ဘာ ၁ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်က  နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဘန်ကောက်မြို့ကို အထူးလေယာဉ်နဲ့ ထွက်ခွာသွားတာလို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့က တာဝန်ရှိပုဂ္ဂိုလ်တွေလည်း  လိုက်ပါသွားပါတယ်။  (၃၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဘန်ကောက်မြို့မှာ နိုဝင်ဘာ ၂ ရက်ကနေ ၄ ရက်အထိ ကျင်းပမှာ ဖြစ်ပြီး အာဆီယံဒေတွင်း နိုင်ငံတွေကခေါင်းဆောင်တွေအပြင် အာဆီယံနဲ့ ဆွေးနွေးဖက်နိုင်ငံတွေက ခေါင်းဆောင်တွေလည်း တက်ရောက်မှာ ဖြစ်ပါတယ်။  ဓာတ်ပုံ- သတင်းစဉ်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024