Home
ရုပ်သံ
လူညာကြီးသီချင်းကို အမိုက်စားသီဆိုပြခဲ့သည့် မြန်မာအိုင်ဒေါပြိုင်ပွဲဝင် နော်စေးစေးထူး (ရုပ်သံ)
DVB
·
November 1, 2019
       မနေ့ညက စတင်ကျင်းပတဲ့ Myanmar Idol Season 4 ရဲ့ Top Finalists ၁၁ ယောက်ရဲ့ Performance Show တင်ဆက်မှုမှာတော့ ပြိုင်ပွဲဝင်တွေ အသီးသီးက စိတ် ကြိုက်သီချင်းတွေနဲ့ အစွမ်းပြယှဉ်ပြိုင်သွားခဲ့ကြပါတယ်။        သူတို့ထဲက အမျိုးသမီး ပြိုင်ပွဲဝင်တဦးဖြစ်တဲ့ နော်စေးစေးထူးကတော့ အသံပါဝါ အားကောင်းကောင်းနဲ့ သီချင်းတပုဒ်ကို သီဆိုပြီး ပရိသတ်တွေကိုရော ဒိုင်တွေိကိုပါ ဖမ်း စားထားနိုင်ခဲ့တာပါ။        “သူ့ဘက်က ချစ်တဲ့အကြောင်းကို မပြောရဲတာ… တကယ်သိသာ… အပေါင်းအ သင်းတွေ ဝိုင်းလို့နောက်ကာ စကြသလို ငါ့ကို ချစ်ခဲ့တာ”        ဒါကတော့ ပရိသတ်အချစ်တော် လူငယ်အမျိုးသမီး အဆိုတော် စန္ဒီမြင့်လွင်ရဲ့ နာ မည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ လူညာကြီးအမည်ရတဲ့ သီချင်းဖြစ်ပြီး လူငယ်ပရိသတ်တွေ လက်ခံအားပေးမှုရရှိခဲ့တဲ့ သီချင်းတပုဒ်ပါ။        “ဒီလိုပဲလား… အာရုံတွေ တကယ်ကို နောက်တယ်… ပြန်ကြားသား… လူကို ဘယ်လိုကြွေတယ်ပြောတဲ့ ဒီအကြောင်းများ… ဟန်ဆောင်တဲ့ အမူအရာကောင်းတယ်… နင်မချစ်သလိုပဲ အမြဲဖုံးကွယ်လို့ထား”        ဟစ်ဟော့ပ်အဆိုတော် လွှမ်းပိုင်က ရေးစပ်ပေးထားတဲ့ ဒီသီချင်းထဲက စာသားတွေ ဟာ နူးညံ့တဲ့ အချစ်သီချင်းစာသားမျိုးမဟုတ်ပဲ ကိုယ့်ကို မလိမ့်တပတ်နဲ့ ချစ်နေတာကို လိမ်ညာဖုံးကွယ်ထားတဲ့ ကောင်လေးအကြောင်းကို အမိုက်စားဖန်တီးမှုနဲ့ စန္ဒီမြင့်လွင်ရဲ့ သီဆိုဟန်ကြောင့် နာမည်ကြီးခဲ့တာပါ။        ခုတခါ နော်စေးစေးထူးရဲ့ တင်ဆက်ပုံမှာတော့ မြူးကြွတဲ့ လှုပ်ရှားဟန်နဲ့ ခပ်သွက် သွက်သီဆိုဟန်ကတော့ ဘယ်လိုမှ မမှတ်မိနိုင်လောက်အောင် ကောင်းမွန်နေခဲ့တာမို့ ဒိုင် တွေကလည်း ချီးကျူးမှတ်ချက်တွေ ပေးခဲ့ကြတာ ဖြစ်ပါတယ်။        Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အ ဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေ ကြတာဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေး ခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။ လတ်တလောမှာတော့ ပြိုင်ပွဲဝင်တွေကို မဲပေးရွေးချယ်နိုင်မယ့် Voting Line တွေ ကို ဖွင့်ထားပေးပြီး MPT, Ooredoo နဲ့ Mytel စတဲ့ ကြိုက်နှစ်သက်ရာ ဖုန်းလိုင်းတွေက တဆင့်လည်း Vote ပေးနိုင်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024