Homeမြန်မာသတင်း
အလှပဆုံး “လမ်းခွဲ”(သို့) မြန်မာအိုင်ဒေါပြိုင်ပွဲဝင် တန်ခွန်ကျော်ရဲ့ အလွမ်းသီချင်း(ရုပ်သံ)
အလှပဆုံး “လမ်းခွဲ”(သို့) မြန်မာအိုင်ဒေါပြိုင်ပွဲဝင် တန်ခွန်ကျော်ရဲ့ အလွမ်းသီချင်း(ရုပ်သံ)
DVB
·
November 1, 2019

“ဘာမှမရှိတော့တဲ့ငါ့ဆီမှာ… နောက်ထပ်မင်းတောင်းဆိုချင်သေးလား… ပေးမယ် … မင်းဓာတ်ပုံအပိုင်းအစလေး… သိမ်းထားမနေနဲ့ ငါ့ဓာတ်ပုံလည်း… မင်းငါ့လိုသာ ပစ် လိုက်ပါတော့ ဝေးပြီ… ငါ့အသည်းလည်း တစစီကွဲ”
ဒါကတော့ အဆိုတော် ဖိုးကာရဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ လမ်းခွဲသီချင်းထဲက စာသားတွေဖြစ်ပြီး ဒီတခါမှာတော့ မြန်မာအိုင်ဒေါရဲ့ ပြိုင်ပွဲစင်မြင့်ပေါ်မှာ ထူးခြားတဲ့ ပုံစံတမျိုးနဲ့ ခံစားနားဆင်ခဲ့ကြရတာပါ။
မနေ့ညက စတင်ကျင်းပတဲ့ Myanmar Idol Season 4 ရဲ့ Top Finalists ၁၁ ယောက်ရဲ့ Performance Show တင်ဆက်မှုမှာတော့ ပြိုင်ပွဲဝင်တွေ အသီးသီးက စိတ် ကြိုက်သီချင်းတွေနဲ့ အစွမ်းပြယှဉ်ပြိုင်သွားခဲ့ကြပါတယ်။
သူတို့ထဲက ပရိသတ်ချစ်ခင်အားပေးမှုရရှိထားတဲ့ ပြိုင်ပွဲဝင် တန်ခွန်ကျော်ရဲ့ လမ်း ခွဲသီ ချင်းကတော့ အလှပဆုံးလမ်းခွဲလို့ ဆိုရလောက်အောင် သေသပ်နေခဲ့ပါတယ်။
“အချိန်တွေကြာကြီး မင်းနဲ့ငါ… ချစ်ခဲ့ကြတယ် လမ်းခွဲရတယ်… ဘယ်သူအချစ် မျိုး ဘယ်လိုထူးလည်း… နောက်တယောက်အသစ်ရှာ ချစ်သွားလား… ငါခံစားခဲ့ရတဲ့ နေ့ တွေဟာ… တဖြည်းဖြည်း မင်းနားရောက်လို့လာမှာ… ငါမြင်နေကြ အရင်လိုအပြုံးတွေ ပြုံးပြဖို့တော့… မင်း အားတင်းထား”
ပရိသတ်အားပေးမှုနဲ့ နာမည်ကြီးခဲ့တဲ့ ဒီသီချင်းကို မူရင်းတေးသံရှင်ရဲ့ လွှမ်းမိုးမှုမ ပါပဲ သီဆိုခဲ့တဲ့ တန်ခွန်ကျော်ရဲ့ ဖျော်ဖြေဟန်ကတော့ ပုံစံတမျိုးနဲ့ ဆွဲဆောင်ထားနိုင်တဲ့ ညဖြစ်ခဲ့ပါတယ်။
“ထားခဲ့ရက်သူအတွက်… မေ့ဖို့လည်း ကြိုးစားလို့ ငါနေရတုန်းပဲလေ… မင်းမသိ တော့တဲ့ အဖြစ်များ… ဒီစိတ်ကူးတွေနဲ့ အိပ်မက်တွေလည်း… စက္ကန့်တွေနဲ့ နေ့ရက်အ ချိန်တိုင်းလည်းမင်းပဲ… ငါအဆုံးသတ်လိုက်ချင်တယ်”
Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အ ဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေ ကြတာဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေး ခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။
လတ်တလောမှာတော့ ပြိုင်ပွဲဝင်တွေကို မဲပေးရွေးချယ်နိုင်မယ့် Voting Line တွေ ကို ဖွင့်ထားပေးပြီး MPT, Ooredoo နဲ့ Mytel စတဲ့ ကြိုက်နှစ်သက်ရာ ဖုန်းလိုင်းတွေက တဆင့်လည်း Vote ပေးနိုင်မှာ ဖြစ်ပါတယ်။