Homeရုပ်သံ
မျက်ရည်များနှင့်ည (သို့) မြန်မာအိုင်ဒေါပြိုင်ပွဲဝင် ဘင်ဂျမင်ဆုမ်းရဲ့ “မေမေနေကောင်းလားသီချင်း” (ရုပ်သံ)
မျက်ရည်များနှင့်ည (သို့) မြန်မာအိုင်ဒေါပြိုင်ပွဲဝင် ဘင်ဂျမင်ဆုမ်းရဲ့ “မေမေနေကောင်းလားသီချင်း” (ရုပ်သံ)
DVB
·
November 1, 2019
မနေ့ညက စတင်ကျင်းပတဲ့ Myanmar Idol Season 4 ရဲ့ Top Finalists ၁၁ ယောက်ရဲ့ Performance Show တင်ဆက်မှုမှာတော့ ပြိုင်ပွဲဝင်တွေ အသီးသီးက စိတ် ကြိုက်သီချင်းတွေနဲ့ အစွမ်းပြယှဉ်ပြိုင်သွားခဲ့ကြပါတယ်။
သူတို့ထဲက ပရိသတ်ချစ်ခင်အားပေးမှုရရှိထားတဲ့ ပြိုင်ပွဲဝင်ဘင်ဂျမင်ဆုမ်းရဲ့ သီချင်းကတော့ ပရိသတ်တွေကိုရော ဒိုင်တွေကိုပါ မျက်ရည်ဝဲစေခဲ့ပါတယ်။
“မေမေ သားချစ်တဲ့မေမေ... စီးဆင်းခဲ့ အကြွင်းမဲ့ချစ်ခြင်းတွေ... ကမ္ဘာမြေကို သာယာပါစေ... မေမေ နေကောင်းလားမေမေ”
ဘင်ဂျမင်ဆုမ်း သီဆိုယှဉ်ပြိုင်ခဲ့တဲ့ သီချင်းကတော့ နာမည်ကျော် တေးသံရှင် ထူးအိမ်သင်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ မေမေနေကောင်းလား သီချင်းဖြစ်ပြီး အကောင်းဆုံး အစွမ်းပြခဲ့တာကို တွေ့ရပါတယ်။
“ပြန်လည်ကာ ရင်မှာခံစား... တသိမ့်သိမ့်ရှိုက် မျက်ရည်များဝဲရင်... ငိုချင်တယ် မေ မေ အရမ်းဝမ်းနည်းနေ... မေမေ… အဝေးက မေမေ… မေမေ… သားချစ်တဲ့မေမေ... စီး ဆင်းခဲ့ အကြွင်းမဲ့ချစ်ခြင်းတွေ... မေမေဆိုသံ ချို အို အေး... မေမေ နေကောင်းလား မေမေ”
မိဘမေတ္တာဘွဲ့ တေးသီချင်းတပုဒ်ဖြစ်တဲ့ ဒီသီချင်းနဲ့ သီဆိုယှဉ်ပြိုင်မှုအပေါ် ဒိုင် တွေကလည်း ချီးကျူးမှတ်ချက်တွေ ပေးခဲ့ကြတာကို တွေ့ရပါတယ်။
Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အ ဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေ ကြတာဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေး ခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။
လတ်တလောမှာတော့ ပြိုင်ပွဲဝင်တွေကို မဲပေးရွေးချယ်နိုင်မယ့် Voting Line တွေ ကို ဖွင့်ထားပေးပြီး MPT, Ooredoo နဲ့ Mytel စတဲ့ ကြိုက်နှစ်သက်ရာ ဖုန်းလိုင်းတွေက တဆင့်လည်း Vote ပေးနိုင်မှာ ဖြစ်ပါတယ်။