Homeမြန်မာသတင်းဧရာဝတီတိုင်းတွင် စစ်တပ်အတွင်း မဲဆန္ဒရှင်စာရင်း ကောက်ယူခွင့် မရ
ဧရာဝတီတိုင်းတွင် စစ်တပ်အတွင်း မဲဆန္ဒရှင်စာရင်း ကောက်ခွင့် မရ
ဧရာဝတီတိုင်းဒေသကြီးမှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ကောက်ယူမှု ပြီးဆုံးပေမယ့် စစ်တပ်မဲရုံတွေအတွက် မဲဆန္ဒရှင်စာရင်း ကောက်ယူခွင့် မရရှိခဲ့ကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ပြောပါတယ်။
တပ်မတော်မဲရုံတွေအတွက် မဲဆန္ဒရှင်စာရင်း ကောက်ယူနိုင်ရေးမှာ လုံခြုံရေးဆိုင်ရာ အကြောင်းအရာတွေကြောင့် ကောက်ယူခွင့် မရရှိခဲ့ဘဲ ရွေးကောက်ပွဲနီးကပ်ချိန်မှသာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်အရ တပ်မတော်မဲရုံတွေရဲ့ မဲစာရင်းတွေကို တောင်းခံ သွားမှာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့် က ပြောပါတယ်။
လက်ရှိစာရင်းကောက်ယူမှုတွေအရတော့ ဧရာဝတီတိုင်းဒေသကြီးအတွင်း မဲပေးခွင့်ရှိသူ ဦးရေ ၄၃.၇၅ သိန်းကျော်ရှိပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ လူဦးရေ များပြားပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အပြင် ဝန်ထမ်းအင်အားမလုံလောက်တာ စာရင်းလုံးဝအကောက်မခံတဲ့ ရွာတချို့ရှိတာကြောင့် အခက်အခဲတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိမှာတော့ မဲဆန္ဒရှင်စာရင်းတွေ ပြည့်စုံမှန်ကန်ရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။
ကျနော်တို့ရဲ့ သတင်းများကို
Youtube တွင်လဲ ခံစားနိုင်ပါသည်။