Home
မြန်မာသတင်း
ထိုင်းတွင် ဆောက်လက်စတိုက်နံရံပြုတ်ကျသဖြင့် မြန်မာလုပ်သား ၁ ဦး ဒဏ်ရာပြင်းထန်
နန်းမြနဒီ
·
October 31, 2019
ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဆမုတ်ပရကန်ခရိုင်ထဲမှာ အောက်တိုဘာ ၃၀ ရက် ညနေပိုင်းက ဆောက်လက်စတိုက်နံရံ အလွှာလိုက်ပြုတ်ကျလာလို့ မြန်မာအလုပ်သမားတဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ပို့စ်ထူဒေးထိုင်းသတင်းမှာ ဖော်ပြပါတယ်။  ယမန်နေ့ ညနေ ၄ နာရီလောက်က ဆမုတ်ပရကန်မြို့ ထေဖာရတ်ရပ်ကွက်ထဲမှာ လုပ်ငန်းခွင် မတော်တဆဖြစ်ပြီး ဒဏ်ရာရသူရှိကြောင်း သတင်းရလို့ ချက်ချင်း လူနာတင်ကယ်ဆယ်ရေး ယာဉ်နဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆမ်လုန်းနေနယ်မြေရဲစခန်း တာဝန်ကျ ဒုရဲမှူး ဆုထင်းဖုန့်ဖုန်းက သတင်းထောက်တွေကို ပြောပါတယ်။  တာဝန်ရှိသူတွေတွေ ရောက်သွားချိန်မှာ အဆိုပါနေရာဟာ ဆောက်လက်စ ၂ ထပ်တိုက် လုပ်ငန်းခွင်ဖြစ်ပြီး အုတ်ပြားကြီးတချပ်ပြုတ်ကျနေကာ အနီးမှာ တကိုယ်လုံးသွေးတွေ စွန်းပေနေ တဲ့ အလုပ်သမားတယောက်ကို တွေ့ရတယ်လို့ ဆိုပါတယ်။  အဆိုပါအလုပ်သမားမှာ အသက် ၃၇ နှစ်ရွယ်ရှိ အောင်နိုင်ဝင်းဆိုသူ မြန်မာဆောက်လုပ်ရေး လုပ်သားဖြစ်ပြီး  တိုက်အောက်ထပ်မှာ မဆလာ/ဘိလပ်မြေနယ်နေစဉ် အုတ်ပြားက ခေါင်းပေါ် ပြုတ်ကျလာလို့ ဦးခေါင်း နားနဲ့ နှာခေါင်းထဲကနေ သွေးတွေယိုစီးလာကြောင်း၊ ကယ်ဆယ်ရေး အဖွဲ့က သူ့ကို ဘန်ဖရီဆေးရုံသို့ အမြန်ပို့ဆောင်ပေးလိုက်တယ်လို့ ရဲကပြောပါတယ်။  အလုပ်သမားတွေက တိုက်နံရံဘိလပ်မြေသုတ်ပြီးသွားတဲ့အတွက် ငြမ်းစင်ကိုပြန်ဖြုတ်နေစဉ် အရှည် ၄ X ၁ မီတာခွဲ၊ အထူ ၄ လက်မ၊ အလေးချိန် ၅၀၀ ကီလိုဂရမ်ခန့်ရှိတဲ့ အုတ်ပြားပြိုကျလာပြီး အောက်မှာရပ်ထားတဲ့ မက်ခရိုကားပေါ်အရင်ကျလာကြောင်း၊ အဲဒီနောက် အလုပ်သမားပေါ်ကို ဆက်ပြီးပြုတ်ကျလာတာ ဖြစ်ပါတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး ဘန်ဖရီရဲစခန်းက ဆောက်လုပ်ရေးကန်ထရိုက်တာနဲ့ အလုပ်သမား ကြီးကြပ်သူတို့ကို ခေါ်ယူစစ်ဆေးနေတယ်လို့ ဘန်ဖရီရဲတပ်ဖွဲ့က ပြောပါတယ်။  ကိုးကား- Post Today
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024