ဝိုင်းစုခိုင်သိန်း၏ နွားကျောင်းသူ တေးအယ်လ်ဘမ်သစ် ထွက်မည်
DVB
·
October 31, 2019
ပေါ့ပ်သီချင်း ချိုချိုအေးအေးလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ အမျိုးသမီး တေးသံရှင် ဝိုင်းစုခိုင်သိန်းရဲ့ တကိုယ်တော် တေးအယ်လ်ဘမ်သစ်တချပ်ကို နိုဝင်ဘာလထဲမှာ ထွက်ရှိသွားဖို့ ရှိနေပါတယ်။
နွားကျောင်းသူလို့ ထူးထူးခြားခြား နာမည်ပေးထားတဲ့ ဒီတေးအယ်လ်ဘမ်ကိုတော့ The Sun Music ကနေ ဖြန့်ချိမှာ ဖြစ်ပါတယ်။
ဒီတေးအယ်လ်ဘမ်ထဲမှာတော့ ဆိုနေကျဖြစ်တဲ့ အလွမ်းအဆွေးပုံစံ သီချင်းတွေရော၊ တခြား ပုံစံတွေရော ပါဝင်မယ်လို့ ဆိုပါတယ်။
သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ဝိုင်းစုခိုင်သိန်းက ခုလိုရေးသားပြီး မျှဝေထားခဲ့တာကို တွေ့ရပါတယ်။
“November မှာ နွားကျောင်းသူ တယောက်တော့ စတင်ပြီး နွားကျောင်းတော့မယ်။.. ဘယ်သူတွေကရော ဟောဒီက နွားကျောင်းသူလေးနဲ့ အတူတူ နွားလိုက် ကျောင်းကြမလဲ....# နွားကျောင်းသူ #November”
၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ မက်လောက်စရာ တေးအယ်လ်ဘမ်နဲ့ ပရိသတ်လက်ခံ အားပေးမှုရရှိခဲ့တဲ့ ဝိုင်းစုခိုင်သိန်းဟာ မျက်လှည့်၊ အာဘွား၊ ဂါစတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေ ဆက်တိုက်ထွက်ရှိခဲ့သလို အတွဲသီချင်းခွေတွေမှာလည်း သီဆိုအောင် မြင်ခဲ့သူ ဖြစ်ပါတယ်။