A d v e r t i s e m e n t With Us

ဆီးဂိမ်း အားကစားအဖွဲ့ဝင်များ တည်းခိုခ ၁ ဦးကို ဒေါ်လာ ၅၀ သတ်မှတ်

မြန်မာပြည်မှာ ပြုလုပ်မယ့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ၂၀၁၃ ဆီးဂိမ်းမှာ လာရောက်ယှဉ်ပြိုင်ကြမယ့် အားကစားအဖွဲ့ဝင်တွေ တည်းခိုခ ၁ ဦးကို အမေရိကန်ဒေါ်လာ ၅၀ပဲ ယူဖို့ ဟိုတယ်ခရီးက ညှိနှိုင်းသတ်မှတ်လိုက်ပါတယ်။ ဒါဟာ တခြားအာဆီယံနိုင်ငံတွေမှာ အားကစားပွဲကာလအတွင်း သတ်မှတ်တဲ့ဈေးနှုန်း အတိုင်း သတ်မှတ်တာလို့ ဟိုတယ်ခရီးဝန်ကြီးဌာန စီမံဘဏ္ဍာညွှန်ကြားရေးမှူး ဦးကောင်းထွဋ်က ပြောပါတယ်။ အားကစားပွဲတော်ကာလအတွင်း အားကစားသမားတွေ တည်းခိုဖို့အတွက် နေပြည်တော် မှာ ဟိုတယ် ၂၄ လုံး၊ ရန်ကုန်မှာ ၈ လုံး၊ မန္တလေးမှာ ၄ လုံးနဲ့ ငွေဆောင်မှာ ၃ လုံး လျာထားတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် နေပြည်တော်မှာ အားကစားရွာတခု တည်ဆောက်ထားကြောင်းလည်း သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up