A d v e r t i s e m e n t With Us

ဒေါ်​အောင်ဆန်း​စုကြည် The 2012 Ion Ratiu Democracy Award ဆုရရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို The Ratiu Family Charitable Foundation က The 2012 Ion Ratiu Democracy Award ဆုကို ဇန်န၀ါရီ ၁၆ ရက်နေ့ ညနေ ၆နာရီခွဲမှာ နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့နှင်းဆီစံအိမ်မှာ လာရောက် ပေးအပ်ခဲ့ပါတယ်။ ဒီဆုချီးမြှင့်ပွဲဖြစ်မြောက်ရေးဆောင်ရွက်တဲ့ Concord Institute အဖွဲ့ရဲ့ပြောခွင့်ရသူ ဒေါ်စိုးထက်ဝင်းကို  ဒီဆုပေးပွဲအတွေ့အကြုံနဲ့ပတ်သက်ပြီး  တွေ့ဆုံမေးမြန်းထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တဲ့အဖွဲ့က ဘယ်ကအဖွဲ့အစည်းပါလဲ။ “ဆုပေးတဲ့အဖွဲ့က Ion Ratiu Foundation ပါ။ နောက်တဖွဲ့က တွဲဖက်ကတော့ Wilson စင်တာ၊ ၀ါရှင်တန်ဒီစီကပါ။ ကျမတို့ကတော့ ပွဲဖြစ်မြောက်ရေးစီစဉ်ပေးတဲ့ Concord Institute နဲ့ Myanmar Women Professional Network ကပါ။” အဓိကအားဖြင့် ဒီဆုက ဘယ်အရေးအရာတွေအပေါ်မှာ Focus ထားပြီးပေးတာလဲ။ လူ့အခွင့်အရေးလား၊ အမျိုးသမီးရေးရာလား ဆိုတာ ရှင်းပြပေးပါ။ “အဓိကကတော့ ဒီမိုကရေစီအတွက်ပေးတာပါ။ ဒီမိုကရေစီကို စွမ်းစွမ်းတမံဆောင်ရွက်တဲ့အမျိုးသမီး တယောက်ဖြစ်တဲ့အတွက်ပါ။ ဒီဆုက ကမ္ဘာမှာ ဒီမိုကရေစီကို စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ ခေါင်းဆောင်တွေကို ပေးတာပါ။” ဆုပေးတဲ့ အဓိကပုဂ္ဂိုလ်ရော ပွဲမှာပါလာပါလား။ “ပါလာပါတယ်။ Nicolae Ratiu ပါ၊ သူက ဖောင်ဒေးရှင်း ဥက္ကဋ္ဌပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူလည်းတွေ့ပါတယ်။” သူတို့ ၂ ယောက်ရဲ့ ဆွေးနွေးပွဲမှာ ပါခဲ့တယ်ဆိုတော့ ဘာတွေပြောဖြစ်ပါလဲ။ “အဓိကကတော့ Ion Ratiu Foundation က ဒီဆုကို ဘာကြောင့်ပေးတယ်ဆိုတာရယ်၊ ဒီဖောင်ဒေးရှင်း ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာရယ်ပါ။ နောက် ဒေါ်စုကို ဘယ်လောက် ဂုဏ်ပြုအလေးထားတယ်ဆိုတာပါ။” ဘာကြောင့် ဒေါ်စုကို ဒီဆုပေးတာပါလဲ။ “မြန်မာပြည်မှာပဲဖြစ်ဖြစ် ကမ္ဘာမှာပဲဖြစ်ဖြစ် ဒီမိုကရေစီနဲ့ အထိုက်တန်ဆုံးဆုက အန်တီ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။” ကမ္ဘာ့ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီဆုကိုလက်ခံတဲ့အခါမှာ ကာယကံရှင်ကရော ဘယ်လိုတုံ့ပြန်ပါလဲ။ “ကာကယံရှင်က အရမ်း ၀မ်းမြောက်ဝမ်းသာပါတယ်။ အန်တီကို ဆုပေးဖို့ဆိုတာ မလွယ်ပါဘူး။ အန်တီကလည်း အချိန်ရော နေရာဒေသ အမျိုးမျိုးပေါ့။ ဆုလက်ခံပေးတဲ့အတွက်လည်း သူတို့က အတိုင်းမသိ မဖော်ပြတတ်လောက်အောင် ကျေးဇူးတင်တယ်။” ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခင်မှာ ရန်ကုန်မှာလည်း ရှင်းလင်းပွဲတခုလုပ်တယ် ကြားတယ်။ အဲဒါလည်း အကျဉ်းချုံးပြောပြပေးပါ။ “အဲဒါရှင်းလင်းပွဲမဟုတ်ပါဘူး။ Women Conference ပါ။ ဆုလာပေးရုံသက်သက် မဟုတ်ဘဲ ကျမတို့က Global Women Conference ဆိုပြီး တခါတည်းလုပ်ပြီး အဲပွဲမှာ အန်တီ့ကို ပထမက ဆုပေးဖို့ပါ။ အန်တီအနေနဲ့က တခြားကိစ္စတွေရှိတာနဲ့ နေပြည်တော်ထိ လိုက်လာပြီးပေးရခြင်းဖြစ်ပါတယ်။” အမျိုးသမီးရေးရာနဲ့ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားလေး အမြွက်လောက် ပြောပြပေးပါ။ “အမျိုးသမီးမှမဟုတ်ပါဘူး ဘယ်သူ့အတွက်မဆို သူက အားလုံးအတွက် သူ့ရဲ့ဘ၀နဲ့ အများကြီး ပေးဆပ်ပြီး သူလုပ်ခဲ့တာပါ။ မိန်းကလေးတွေအတွက်ဆိုရင်လည်း ဘာပဲဖြစ်ဖြစ် အမျိုးသမီးတွေဟာ အားနည်းတဲ့သူတွေဖြစ်တဲ့အတွက် အန်တီဟာ ကျမတို့အတွက်လည်း အမျိုးသမီးတယောက်အနေနဲ့ အများကြီး ရပ်တည်ပေးတယ်လို့ ယုံကြည်တယ်။” တခြားဘာများပြောချင်ပါသေးလဲ။ “ဒီကိုလာရတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ ကျမတို့ ၀ိုင်းဝန်း စီစဉ်တဲ့ပွဲလေးကို လက်ခံပေးတဲ့အတွက် အန်တီကိုလည်း ကျေးဇူးတင်ပါတယ်။” Read more

A d v e r t i s e m e n t With Us

More News
Up