အီရတ်နိုင်ငံ ဆန္ဒပြပွဲများတွင် ၁ လအတွင်း လူ ၂၃၀ ကျော်သေဆုံး

5.6K
အီရတ်နိုင်ငံအတွင်း တကျော့ပြန် ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်တွေ ပဋိပက္ခဖြစ်ခဲ့ပြီး အောက်တိုဘာလ ၂၄ ရက်နဲ့ ၂၆ ရက်မှာ လူပေါင်း ၇၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
အခု အောက်တိုဘာလ တလထဲမှာပဲ အီရတ် ဆန္ဒပြပွဲတွေမှာ သေဆုံးသူ ၂၃၁ ယောက်ဝန်းကျင် ရှိသွားပါပြီ။
အောက်တိုဘာလ ၂၇ ရက်နေ့က အီရတ်လူငယ်တွေဟာ မြို့တော် ဘဂ္ဂဒက်က အစိမ်းရောင်နယ်မြေဆီသွားရာ တံတားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အာခံပြီး အရံအတားတွေ လုပ်ကြပါတယ်။
လုံခြုံရေး တပ်ဖွဲ့ဝင်တွေကလည်း သူတို့ကို မျက်ရည်ယိုဗုံးတွေနဲ့ အဆက်မပြတ် ပစ်ပေါက်ကြပြီး ၇၇ ယောက် ဒဏ်ရာရတယ်လို့ ဆေးဘက်ဝန်ထမ်းတွေက ပြောပါတယ်။
ထောင်နဲ့ချီတဲ့ အီရတ်ပြည်သူတွေဟာ သွေးထွက်သံယို ဖြိုခွင်းတာတွေကို အာခံပြီး ဆက်လက်ဆန္ဒပြနေတာကို ရိုက်တာသတင်းမှာ မြင်တွေ့ရပါတယ်။