မော်တော်ကားပိုင်ရှင်များ မဖြစ်မနေ အမည်ပေါက် ပြောင်းရမည်
DVB
·
October 25, 2019
ကားပိုင်ရှင်တွေအနေနဲ့ မဖြစ်မနေအမည်ပေါက် ပြောင်းရမှာဖြစ်တယ်လို့ ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။
ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်နှုန်းထားတွေ တနှစ်လျှော့ချလိုက်တဲ့အတွက် အခွန်သက်သာခွင့်ကာလအတွင်းမှာ မော်တော်ယာဉ်ပိုင်ရှင်တွေအနေနဲ့ မိမိယာဉ်ကို မဖြစ်မနေ အမည်ပေါက်ပြောင်းလဲရမှာပါ။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက မော်တော်ယာဉ်မှတ်ပုံတင်တာ သက်တမ်း တိုးတာတွေဆောင်ရွက်ရာမှာ အမည်ပေါက်ယာဉ်ပိုင်ရှင်ကိုယ်တိုင်ရဲ့ နိုင်ငံသားစိစစ်ရေးကတ် မူရင်း၊ အိမ်ထောင်စုစာရင်းမူရင်းတို့နဲ့ တိုက်ဆိုင်စစ်ဆေးမှာဖြစ်ပြီး အဲဒီလိုမတင်ပြနိုင်ရင် ယာဉ် လက်ဝယ်ရှိသူရဲ့ အမည်ကိုပြောင်းပြီး ပြည်တွင်းအခွန်များဦးစီးဌာနမှာ ဝင်ငွေခွန်ပေးဆောင်ရ မှာပါ။
အမည်ပေါက်ပြောင်းလဲရာမှာ နယ်ပိုင်ရှင်တွေကို ရန်ကုန်လိုင်စင်အဖြစ် ထွက်ပေးသေးမှာ မဟုတ်ဘဲ သူ့နေရပ်လိပ်စာကို မှတ်တမ်းတင်ထားမှာဖြစ်ကာ နောက်ပိုင်း ရန်ကုန်လိုင်စင် အမြဲထားနိုင်ဖို့အတွက် လဝက တို့လို သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်သွား မယ်လို့ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အခုအခွန်ဖြေလျော့ထားတဲ့ တနှစ်အတွင်း အမည်ပြောင်းလာရောက်မဆောင်ရွက်ရင် ၂၀၂၀ ဇန်နဝါရီ ၁ ရက်က စတင် အရေးယူသွားမယ်လို့လည်း ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ၂၀၁၉ အခွန်ဥပဒေအရ ၁ ကျပ်ကနေ ကျပ်သိန်း ၁၀၀၀ အထိကို အခွန် ၃ ရာခိုင်နှုန်း လျှော့ချကောက်ခံမှာဖြစ်ပါတယ်။
ချမ်းမြေ့မောင်