ရခိုင်စစ်ဘေးရှောင် တက္ကသိုလ်ကျောင်းသားများ ပညာဆင်သင်ကြားနိုင်ရေး ထောက်ပံ့
DVB
·
October 24, 2019
ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် မြို့နယ်အသီးသီးက စစ်ဘေးရှောင်စခန်းတွေ မှာ ရောက်ရှိနေတဲ့ တက္ကသိုလ်ကျောင်းသားတွေ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC) ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က “ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဧရိယာတွေကို လိုက်လံစာရင်းကောက်ခဲ့တာဖြစ်ပြီး စစ်ဘေးရှောင်စခန်းတွေမှာ ရောက်ရှိနေတဲ့ ကျောင်းသားတွေ အခက်အခဲတွေကို တွေ့ရတာကြောင့် အခုထောက်ပံ့ကြေးပေးဖို့ လုပ်ဆောင်ရတာ” လို့ ပြောပါတယ်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းရုံး REC က အဝေးသင်တက္ကသိုလ်မှာ ပညာသင်ကြားဖို့ လျှောက်လွှာခေါ်ယူတဲ့အခါ လျှောက်ထားသူ ၄၇ ယောက်ရှိခဲ့ပြီးတော့ အဲဒီထဲမှာ အကြောင်းအမျိုးမျိုးကြောင့် နှစ်ယောက်ကတော့ မတက်ရောက်နိုင်ခဲ့ကြပါဘူးလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားရာဒေသနဲ့ စစ်ဘေးရှောင်းစစ်ခန်းတွေမှာနေထိုင်ကြတဲ့ တက္ကသိုလ်ကျောင်းသူ၊ ကျောင်သားတွေကတော့အပြင်မှာ အလုပ်လုပ်ခွင့်ရရှိဖို့ အခွင့်အရေးနည်းပါးတာကြောင့် ဒီနှစ်ပိုပြီး ကျပ်တည်းမှုတွေနဲ့ ကြုံနေရတာပါ။
ဒီလိုစစ်လေးရှောင်စခန်းတွေ နေထိုင်ကြပေမယ့် အလုပ်ကိုင်တွေ မရှိတာကြောင့် တက္ကသိုလ် တက်ဖို့ အခွင့်အရေးကနည်းပါးနေလို့ ဒါကိုလျှောက်ဖြစ်တာဖြစ်ကြောင်း စစ်ဘေးရှောင်စခန်းမှာ နေထိုင်နေတဲ့ စစ်တွေအဝေးသင်တက္ကသိုလ် သမိုင်း ပထမနှစ်ကျောင်းသား ကိုကျော်ဇောဝင်းက ပြောပါတယ်။
လက်ရှိထောက်ကြေးတဲ့အစီစဉ်မှာ ပထအသုတ်အနေနဲ့ တက္ကသိုလ်ကျာင်းသားကျောင်းသူ အယောက် ၂၀ ပါဝင်ပြီးတော့ ဒုတိယအသုက် ၂၅ ဦးကိုတော့ မကြာခင်ပေးဖို့ရှိနေပါတယ်။ ဒီလို ထောက်ပံ့ကြေး ပေးတဲ့အထဲမှာ ဝိုင်းကျူးပညာသင့်ခွင့်၊ အခမဲ့အဆောင်နေခွင့်နဲ့ စားစရိတ်နဲ့ သွားလာနေထိုင်စရိတ် အစီအစဉ်တွေကို လုပ်ဆောင်ပေးတာပါ။
ရခိုင်ပြည်နယ်မြို့နယ် ၁၇ မြို့နယ်က စစ်တွေအဝေးသင်တက္ကသိုလ်ကို လာရောက် တက်ရောက်တာ ၁ သောင်းနီးပါးလောက်ရှိပြီး အဲ့ဒီထဲမှာ တယောက်ကို အထွေထွေကုန်ကျစရိတ် ၄ ကနေ ၅ သိန်းပတ်ဝန်ကျင်ကုန်တယ်လို့ စစ်တွေအဝေးသင်တက္ကသိုလ် တက်ရောက်နေကြတဲ့ ကျောင်းသားတွေက ပြောဆိုပါတယ်။
ဝဏ္ဏခွာညို