Home
မြန်မာသတင်း
နေရပ်စွန့်ခွာသူ ၂၉ ဦး တောင်ပြိုလက်ဝဲ ချစ်ကြည်ရေးတံတားက ပြန်ဝင်ရောက်
DVB
·
October 22, 2019
74506121_195346474821087_5924452758248751104_n
74226608_195346494821085_7541607790297481216_n
74692430_195346534821081_1767513144067883008_n
ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို စွန့်ခွာသွားခဲ့သူတချို့ ဒီကနေ့ ပြန်လည်ဝင်ရောက်လာပါတယ်။ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ နှစ်နိုင်ငံချစ်ကြည်ရေးတံတားကနေ အိမ်ထောင်စု ၆ စု လူဦးရေ ၂၉ ဦးဟာ အောက်တိုဘာ ၂၂ ရက် ဒီနေ့ မနက်က ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က "သူတို့ဆန္ဒအလျှောက် ပြန်ဝင်လာကြတာပါ။ ဒီဘက်ကတော့ UEHRD အစီအစဉ်နဲ့ ဒီနေ့ တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းမှာ လက်ခံမှုပြုလုပ်ပါတယ်" လို့ ပြောပါတယ်။ အဆိုပါပြန်လည်ဝင်ရောက်လာသူတွေဟာ မိမိသဘောဆန္ဒအရ ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်အထိ တဖက်နိုင်ငံကနေ ပြန်လာသူပေါင်း  ၃၅ဝ ခန့်ရှိနေပြီလို့ သိရပါတယ်။ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း တာဝန်ရှိသူတဦးက "သူတို့ကပြန်လာဖို့ မြန်မာဘက်ကို စာရင်းပေးထားတာကြာပါပြီ။ ဒီဘက်က မြန်မာဘက်ကမှာ နေထိုင်ခဲ့တာ မှန်ကန်မှုရှိမရှိ စစ်ဆေးတယ်။ အကြမ်းဖက်စာရင်းမှာပါဝင်မှုရှိမရှိ စစ်ဆေးပြီးမှ လက်ခံမှုပြုလုပ်ရတာပါ"လို့ ဆိုပါတယ်။ မောင်တောဒေသမှာ ၂၀၁၇ ဩဂုတ်လ ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကြောင့် လူဦးရေ ၇ သိန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးသွားတာ ဖြစ်ပါတယ်။ ပြန်ဝင်လာသူတွေကို UEHRD အစီအစဉ်နဲ့ လက်ခံရေးစခန်း ၂ ခုရှိတဲ့အထဲက တခုမှာ ပြန်လည်လက်ခံကာ  NVကတ် ပြုလုပ်ခြင်းနဲ့ EIDမှတ်တမ်းယူတာတွေကို တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းမှာ ပြုလုပ်ပေးခဲ့ပါတယ်။ ဒီနေ့အထိ မိမိဆန္ဒအလျှောက်ပြန်လည်ဝင်ရောက်လာသူ ၃၅၀ ခန့်ရှိနေပေမယ့်လည်း ဘင်္ဂလား-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အရ တဦးတယောက်မှ ပြန်လာသူကတော့ မရှိသေးပါဘူး။ သတင်း-ကောင်းကောင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024