DVB Logo
Home
မြန်မာသတင်း
Miss Grand International ပြိုင်ပွဲဝင် မြန်မာအလှမယ်မွှေးသက်အတွက် အွန်လိုင်းမှ မဲပေးနိုင်
DVB
·
October 22, 2019
Miss Grand International ပြိုင်ပွဲဝင် မြန်မာအလှမယ်မွှေးသက်အတွက် အွန်လိုင်းမှ မဲပေးနိုင်
Donate to DVB

       ဗင်နီဇွဲလားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၉ ခုနှစ် Miss Grand International အလှ မယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ် မွှေးသက်က ဝင်ရောက်ယှဉ်ပြိုင် နေပါတယ်။

       အသက် ၂၆ နှစ်အရွယ် အလှမယ်ဟာ မနေ့က ကျင်းပတဲ့ အမျိုးသားဝတ်စုံပြိုင်ပွဲ မှာ တုနှိုင်းမဲ့ မိခင်မေတ္တာကို ဖော်ကျူးထားတဲ့ “Extraordinary Love of Mother” လို့ အ မည်ပေးထားတဲ့ ဝတ်စုံနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

       ဒီဇိုင်နာ Sha Roi က ဖန်တီးချုပ်ထားပေးတဲ့ ဒီဝတ်စုံရဲ့ အဓိပ္ပါယ်ကိုတော့ အမျိုး သမီးတယောက်ရဲ့ရှင်သန်နေထိုင်မှုဟာ ကလေးမွေးဖွားခြင်းထက် သာလွန်တဲ့ ဘဝတခု ဖြစ်ပြီး သူ့အတွက် မိခင်တယောက်ရရှိမယ့်အခွင့်အရေးတွေ၊ ရင်သွေးအပေါ် ပြုစုပျိုး ထောင်ရင်း ပေးဆပ်ရမယ့် အနစ်နာခံမှုတွေ၊ ဦးဆောင်ဦးရွက်ပြုလုပ်ရမယ့် မိသားစု တာဝန်တွေကို အရယူနိုင်ပြီး အိမ်မက်တွေအတွက် ပန်းတိုင်ထိရောက်အောင် ဆောင်ရွက် နိုင်စွမ်းရှိသူဖြစ်ကြောင်း တင်ပြထားခဲ့ပြီး နောက်ဆုံးမှာတော့ သူမဟာ မောပန်းနွမ်းနယ် နေပေမယ့် ကြောက်ရွံ့မှုတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေကနေ ရင်သွေးအပေါ် မိခင်တ ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ခိုင်မာစွာရပ်တည်နိုင်တဲ့ စစ်ပွဲတခုရဲ့ မီးလျှံကြားက ရဲရင့်တဲ့ မိခင်တယောက်ရဲ့အဆုံးမရှိသော အံ့မခန်း ချစ်ခြင်းမေတ္တာလို့ ရည်ညွှန်းထားခဲ့တာပါ။

       လတ်တလောမှာတော့ အကောင်းဆုံး အမျိုးသားဝတ်စုံဆု(Best National Costume)ဆုအတွက် အွန်လိုင်းပေါ်ကနေ မဲပေးနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

       မဲပေးနိုင်မယ့် ဝက်ဘ်ဆိုက်ဒ်လင့်ခ်ကတော့ https://www.facebook.com/MISSGRANDINTERNATIONAL/photos/a.2594171487272498/2594171843939129/?type=3&theater ဖြစ်ပြီး လိုက်ခ်တခုကို Vote အရေအတွက်တခု အနေနဲ့ တွက်ချက်သွားမှာ ဖြစ်ကာ အောက်တိုဘာလ ၂၃ ရက်နေ့ည ၈ နာရီထိ မဲပေးနိုင်မှာ ဖြစ်ပါတယ်။

       အရပ်အမြင့် ၅ ပေ ၈ လက်မခွဲရှိတဲ့ အလှမယ် မွှေးသက်ဟာ မြို့ပြအင်ဂျင်နီယာ ဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပြီး ပီယာနိုတီးရတာ၊ ရေကူးတာ၊ စွန့်စားခရီးသွားတာနဲ့ EDM ဂီတ ပွဲတွေကို နှစ်သက်တယ်လို့ ဆိုပါတယ်။

       Miss Grand International အလှမယ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ဖိုင်နယ်ပွဲကို တော့ လာမယ့် အောက်တိုဘာလ ၂၅ ရက်နေ့မှာ ကျင်းပပြီး ဆုတွေ ရွေးချယ်ချီးမြှင့်သွား မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013