DVB Logo
Home
မြန်မာသတင်း
လိုင်ဇာပစ်ခတ်မှုသတင်း နိုင်ငံတော်သမ္မတရုံး ငြင်းဆို
DVB
·
January 14, 2013
လိုင်ဇာပစ်ခတ်မှုသတင်း နိုင်ငံတော်သမ္မတရုံး ငြင်းဆို
Donate to DVB

ဒီနေ့ မနက်က ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ထိန်းချုပ်ရာ လိုင်ဇာဒေသကို အစိုးရစစ်တပ်က လုံးဝပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း မရှိဘူးလို့ နိုင်ငံတော်သမ္မတရုံးက ငြင်းဆိုလိုက်ပါတယ်။

[caption id="attachment_29680" align="alignleft" width="300" caption="ဦးရဲထွဋ်"][/caption]

ဒီနေ့ မနက်က အစိုးရတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ်  နိုင်ငံတော် သမ္မတရုံးက ပြန်လည်တုံ့ပြန် ပြောကြားလိုက်တာပါ။

နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က “တာဝန်ရှိတဲ့သူတွေကို မေးကြည့်တဲ့အခါမှာ  ကျနော်ဖေ့စ်ဘွတ်မှာပါသလိုပဲ တပ်မတော်ဘက်က တာဝန်ရှိသူတွေကတော့ ဒီ ၁၄ ရက်နေ့မှာ တပ်မတော်ဘက်က လက်နက်ကြီးနဲ့ အဲဒီဒေသမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာ လုံးဝမရှိပါဘူး။ ရဟတ်ယာဉ်နဲ့ လေယာဉ်ပျံတို့ ပျံသန်းမှုလည်း မရှိပါဘူးလို့ ပြောပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါပြင် အရပ်ဘက်ပစ်မှတ်တွေကို ပစ်ခတ်တယ်ဆိုတာလည်း အစိုးရရဲ့မူမဟုတ်ဘူးလို့ လည်း ဦးရဲထွဋ်ကပြောပါတယ်။

ဒီနေ့ မနက် ၈ နာရီကျော်လောက်က ကေအိုင်အေ ထိန်းချုပ်နယ်မြေ ဒေါ့ဖုန်းယန်မှာ   ရောက်ရှိနေတဲ့ အစိုးရတပ်က လိုင်ဇာမြို့ထဲကို ၁၀၅ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ခါဂျန်ရပ်ကွက်ထဲက လူနေအိမ်တွေ ထိမှန်ပြီး လူ ၃ ဦး သေဆုံးကာ ၄  ဦး ဒဏ်ရာရခဲ့တယ်လို့ ကေအိုင်အေဘက်က ပြောကြားထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013