Home
မြန်မာသတင်း
ရွှေတောင်မြို့နယ်တွင် ကထိန်အလှူခေါက်ဆွဲစားပြီး လူ ၅၀ ခန့် ဝမ်းပျက်ဝမ်းလျှော
မင်းညို
·
October 22, 2019
74673262_958560691166059_6199604877379764224_n
73390690_958560711166057_786103633644093440_n
73085506_958560804499381_4170333164750766080_n
72985545_958560697832725_2669931265251082240_o
72719535_958560807832714_5657677341468393472_o
ရွှေတောင်မြို့နယ်၊ ရှားပင်ဇင်းကျေးရွာ ကထိန်အလှူမှာ ခေါက်ဆွဲစားပြီး လူ ၅၀ လောက် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့ပါတယ်။ အောက်တိုဘာလ ၂၁ ရက်နေ့က ရွှေတောင်မြို့နယ် ညောင်စာရေးတိုက်နယ်၊ ရှားပင်ဇင်း ကျေးရွာက ကထိန်အလျုတခုမှာကြွေးတဲ့ ခေါက်ဆွဲကြော်စားပြီး လူ ၅၀ ခန့် အထက်လှန် အောက်လျှောဖြစ်ပြီး လူ ၅၀ ခန့် ဆေးကုသမှုခံယူလိုက်ရတယ်လို့ ရွှေတောင် သာရေးနာရေး ကူညီမှု အသင်းထံက သိရပါတယ်။ ညောင်စာရေးပရဟိတအဖွဲ့မှ ကိုညီက “သူတို့ကခေါက်ဆွဲကို ညကထဲကကျော်ထားပြီး အုပ်ထားတာဖြစ်လိမ့်မယ် မနက်ကျမှ ကြွေးတော့ နည်းနည်းအူသွားတဲ့သဘော ထင်ပါတယ်။ အနံသာမထွက်တာ ပါးစပ်ထဲမှာတော့ ပြောင်းလဲသွားတဲ့သဘောတော့ ရှိတယ်။ အလှူရှင်က ဦးတင်ဋ္ဌေး၊ သူတို့ ကထိန်ခင်းတာ တဖြေးဖြေးနဲ့တယောက်စနှစ်ယောက်စ ညောင်းစာရေး ဆေးပေးခန်းကိုရောက်လာလို့သိရတာ ကျေးလက်ဆေးခန်းဆိုတော့ ကုတင် ၅ လုံးလောက်ပဲရှိတာ နောက်တော့မလောက်တော့လို့ စာသင်ကျောင်းကခုံတွေသွားယူပြီး ကုတင်လုပ်ရတာ၊ အန်လည်း အန်တယ်။ ဝမ်းလည်း လျှောကြတယ်။ ကျေးလက်ဆေးခန်းမှာတော့ တနေ့ခင်းလုံး တင်ထားပြီး နောက်တော့ နည်းနည်းစိုးတဲ့သူတွေကို ရွှေတောင်ဆေးရုံကို လူနာ ၁၅ ယောက်လောက်ကို ချက်ခြင်းရွေ့လိုက်တယ်။ ညပိုင်းမှာတော့ အခြေအနေကို ထိမ်းနိုင်ပါပြီ”လို့ ပြောပါတယ်။ ရွှေတောင်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာထက်အောင်က “ကထိန်အလှူမှာ ခေါက်ဆွဲစားကြတာက လူ ၂၀၀ လောက်လာစားကြတယ်။ အားလုံးဖြစ်တာတော့ မဟုတ်ဘူး၊ အသက်ငယ်ရွယ်သူတွေနဲ့ အသက်ကြီးသူတချို့မှာပဲ ဖြစ်ကြတာပါ။ စောစောပိုင်း ဘုန်းပေးတဲ့ ဘုန်းကြီးတွေလည်း တပါးမှတော့ မဖြစ်ကြပါဘူး။ နောက်ပိုင်းနေမြင့်တဲ့ အချိန်မှာစားကြတဲ့ သူတွေ ဖြစ်ကြတာ၊ ဖြစ်တာက ၄၈ ယောက်ပါ၊ စိုးရိမ်ရတဲ့သူတော့ မရှိပါဘူး။ ရွှေတောင်ဆေးရုံမှာတော့ ၁၅ ယောက်တင်ထားရတယ်။ အဲဒီမှာလည်း ခလေး က ၁၀ ယောက် လောက်ပါတယ်။ ဒါပေမယ့် အခြေအနေစိုးတဲ့သူတော့ မရှိပါဘူး”လို့ ပြောပါတယ်။ ရွှေတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ ရွှေတောင်ဆေးရုံအုပ်ကြီး ဒေါက်တာ ထက်အောင်တို့အဖွဲ့ ရှားပင်ဇင်ကျေးရွာနဲ့ ညောင်စာရေးဆေးပေးခန်းကို ဆင်းပြီး လိုအပ်တာတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။ နောက်ထပ်လူနာတိုးလာရင်နဲ့ အခြေအနေထူးခြားရင် ချက်ခြင်းအကြောင်းကြားဖို့ကိုလည်း ညောင်စာရေး ကျေးလက်ဆေးပေးခန်းကို မှာကြားထားခဲ့ပြီး အခု အောက်တိုဘာလ ၂၂ ရက် အထိတော့ ထပ်တိုးလာတာ မရှိသေးဘူးလို့ ရွှေတောင်ပြည်သူ့ဆေးရုံကနေ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024