Home
မြန်မာသတင်း
ပေါင်မြို့နယ်တွင် ဖယောင်းတိုင်မီးဖြင့်စာကျက်ရာမှ နေအိမ် ၆ လုံး မီးလောင်ဆုံးရှုံး
DVB
·
October 21, 2019
74894405_2642780179105710_2684106525638656000_o
74877635_2642779689105759_8588211889207508992_o
73237338_2642779519105776_4233164876979109888_o
73059989_2642777849105943_6430356977519427584_n
73001488_2642777669105961_1955303386425327616_n
72886976_2642780999105628_6924435682945400832_o
72709235_2642777725772622_4004839240088158208_n
72640396_2642778325772562_3442108055121035264_o
72636934_2642777805772614_4258472726957654016_n
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်၊ ဆယ်အိမ်စုပိုင်းမှာ အောက်တိုဘာ ၂၀ ရက်နေ့ ည ၁၁ နာရီလောက်က အဋ္ဌမတန်းကျောင်းသူတဦး ဖယောင်းတိုင်မီးနဲ့ စာကျက်ပြီး အိပ်ပျော်သွားရာမှ မီးကူးစက်လောင်ခဲ့လို့  နေအိမ် ၆ လုံးနဲ့ ဆိတ် ၇ကောင် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ နေအိမ်မီးလောင်ဆုံးရှုံးခဲ့သူ ဒေါ်ငွေအေးက “အဒေါ်တို့က ည ၁၀ နာရီလောက်မှာ အိပ်ပျော်သွားကြတာ။ သမီးက ၈ တန်းကျောင်းသူဆိုတော့ ဖယောင်းတိုင်ထွန်းပြီး စာကျက်နေ တယ်။ သူ့ကိုအိပ်ရင်လည်း ဖယောင်းတိုင်မီးငြိမ်းပြီးမှ အိပ်လို့မှာထားတာ။ ဘယ်အချိန်သူလည်း အိပ်ပျော်သွားတယ် မသိတော့ဘူး။ ည ၁၁ နာရီဝန်းကျင်လောက်မှာ အဒေါ့်မျက်နှာကို မီးလာ ဟတ်တော့မှ အဒေါ်လည်း အိမ်မီးလောင်နေတာကို သိတော့တယ်။ ဘေးအိမ်မှာလည်း ဆိတ်တွေ မွေးထားပြီး ကြိုးချည်ထားတော့ အဲ့ဒီဆိတ် ၇ ကောင်ပါ ပြေးမလွတ်တော့ဘဲ မီးထဲပါသွားတယ်။ အိမ်နီးနားချင်းတွေကတော့ အဒေါ့်အိမ်ကစပြီး လောင်တာဆိုတော့ ၀ိုင်းပြီးအပြစ်ပြောကြတာပေါ့” လို့ ဒီဗွီဘီကိုပြောပါတယ်။ အဆိုပါမီးလောင်ကျွမ်းခဲ့မှုကြောင့် ပျဉ်ထောင်သွပ်မိုး နေအိမ် ၁ လုံး၊ ဖက်မိုး ထရံကာတဲအိမ် ၄ လုံး၊ တိုက်ခံပျဉ်ထောင်သွပ်မိုး နေအိမ် ၁ လုံးနဲ့ ဆိတ် ၇ ကောင် ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိဘူးလို့ ပေါင်မြို့နယ်မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အိမ်ရှင်ဖြစ်သူ ဦးချစ်လှိုင်ကို ပေါင်မြို့မ ရဲစခန်းက (ပ)၂၆၃၃/၂၀၁၉၊ မီးကိုပေါ့လျော့စွာအသုံးပြုခဲ့မှု ဥပဒေပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း+ဓာတ်ပုံ= ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024