ဂျပန်တွင် မုန်တိုင်းကြောင့် ဖြစ်လာသည့် လှိုင်းလုံးကြီးများ (ရုပ်သံ)
DVB
·
October 21, 2019
တိုင်ဖွန်း ဟာဂီဘစ်ကြောင့်ဖြစ်တဲ့ လေပြင်းတိုက်ခတ်မှုကြောင့် ဂျပန်နိုင်ငံကျွန်းတခုကို ကြီးမားတဲ့ လှိုင်းလုံးကြီးတွေ လာရောက်ရိုက်ခတ်နေတာကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူတဦးက အောက်တိုဘာ ၁၂ ရက်နေ့မှာ အမိအရ ရိုက်ကူးနိုင်လိုက်ပါတယ်။
ဒီဗွီဒီယိုကို ဒေသစံတော်ချိန် ၁၁ နာရီ ၄၀ မိနစ်မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး လှိုင်းလုံးကြီးတွေဟာ တိုကျိုမြို့တောင်ဘက် ကီလိုမီတာ ၂၀၀ လောက်မှာရှိတဲ့ ကိုဇူကျွန်းကို ဝင်ရောက်မလာခင် လေထဲမှာ ကြီးထွားလာခဲ့တာကို မြင်တွေ့ရပါတယ်။
ဂြိုဟ်တုကနေ ရရှိတဲ့ အချက်အလက်တွေအရ မုန်တိုင်းရဲ့ ဗဟိုချက်ဟာ ကျွန်းရဲ့ အနောက်ဘက် ကီလိုမီတာ ၁၀၀ ဝန်းကျင်မှာ ဝဲလှည့်နေခဲ့ပြီး အဲဒီနောက်မှာတော့ တိုကျိုမြို့ကို ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဟာဂီဘစ် တိုင်ဖွန်းမုန်တိုင်းဟာ အောက်တိုဘာ ၁၃ ရက်မှာ ဂျပန်ရဲ့ အရှေ့မြောက်ကမ်းရိုးတန်းကို ရွေ့လျားသွားခဲ့ပြီး အဲဒီအချိန်မှာပဲ ကန်တိုဒေသနဲ့ တိုကျိုမြို့တို့မှာ ထုတ်ပြန်ထားတဲ့ မုန်တိုင်းဆိုင်ရာ သတိပေးချက်တွေကို အာဏာပိုင်တွေက ဖယ်ရှားလိုက်ပါတယ်။