DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story လူမှုရေး သတင်း သတင်းဓာတ်ပုံ

ဘားအံမြို့တွင် နှစ် ၇၀ ကျော်က ဓာတ်ပုံများ ခင်းကျင်းထားသည့် လူထုအမှတ်သညာပွဲ ပြုလုပ်

  • By DVB
  • 20 October 2019
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

နှစ်ပေါင်း ၇၀ ကျော်က ဘားအံမြို့ရဲ့ ဒေသအတွင်း လူထု၊ လူတန်းစားအလွှာအသီးသီးရဲ့ ရှေ့ဟောင်းဓာတ်ပုံတွေ ခင်းကျင်းပြသတဲ့ လူထုအမှတ်သညာပွဲတော်ကို အောက်တိုဘာ ၁၉ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။

ပွဲတော်ကို ဓာတ်ပုံ၊ ပန်းချီ၊ မော်ကွန်း ဗွီဒီယို၊ ကဗျာ၊ စာပေတွေကို ပေါင်းစပ်ခင်းကျင်းကာ လူကြီး လူငယ် မျိုးဆက်တွေကြားက ကွာဟချက်တွေကို နာလည်းတတ်စေဖို့၊ မတူညီတဲ့ အဖွဲ့အစည်းတွေ ပေါင်းစပ်ထားတဲ့ လူမှုအဖွဲ့အစည်းဖြစ်ကြောင်း ခံစားတတ်စေဖို့၊ စေ့စပ်စာနာတတ်တဲ့ မျက်လုံးတွေနဲ့ လူမှုဘဝတွေကို ကြည့်မြင်တတ်စေဖို့နဲ့ ဒေသအတွင်း လူမှုအဖွဲ့အစည်းတခု ပြောင်းလဲလာပုံကို လူထုကြား သမိုင်းအဖြစ် ချဉ်းကပ်လေ့လာပြီး ဓာတ်ပုံမှတ်တမ်းတွေ အနုပညာပစ္စည်းတွေကို အတူတကွ လေ့လာနိုင်ဖို့ ရည်ရွယ်ကျင်းပတာပါ။

လူထုအမှတ်သညာပွဲတော် ဖြစ်မြောက်ရေးတာဝန်ခံ ဦးခန့်ဇော်အောင်က “အရင်ကမြင်ကွင်းနဲ့ အခုလက်ရှိ မြင်ကွင်းကတော့ မတူတော့ဘူး။ ပြောင်းသွားပြီ။ အဲဒီမှာ လူငယ်တွေက ဘယ်ဟာက ကောင်းသော တိုးတက်ခြင်းလဲ။ ဘယ်ဟာက မကောင်းသော တိုးတက်ခြင်းလဲ။ သူတို့ဟာ သူတို့ ဆုံးဖြတ်ပြီး ရွေးချယ်ကြမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ ဦးသန်းနိုင်က “အခုကတော့ ရသလောက် လက်လှမ်းမီသလောက် လုပ်ထားတာပေါ့။ အခုဆိုရင် ဒီလိုလုပ်တဲ့အတွက်ကြောင့် နောင်တချိန်မှာ ကျနော်တို့ ပြန်ပြနိုင်တဲ့အချိန်ကျရင်လည်း ဒီထက်မကသော ဓာတ်ပုံမှတ်တမ်းအဟောင်းတွေကို ပြန်ပြီးတွေ့ရလိမ့်မယ်လို့ မျှော်လင့်မိတယ်”လို့ ပြောပါတယ်။

ပွဲတော်မှာ ဘားအံမြို့ရဲ့ ရှေးဟောင်းဒေသအတွင်း လူထု၊ လူတန်းစားအလွှာအသီးသီးရဲ့ ရှေးဟောင်းဓာတ်ပုံတွေ ပြခန်း၊ Tour Guid၊ နော်ရင်းမွှေး ရုပ်ရှင်ပြသခြင်း၊ စာတမ်းဖတ်ပွဲ၊ စကားဝိုင်း၊ ကဗျာရွတ်ပွဲ၊ ကျောင်းသားတွေနဲ့ သမိုင်းလေ့လာရေးအစီအစဉ်၊ ပန်းချီ၊ ပန်းပု လက်တွေ့သရုပ်ပြသခြင်း၊ ဓာတ်ပုံနဲ့ မှတ်တမ်းရုပ်ရှင်ဆုပေးပွဲတွေကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပွဲတော်ကို ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်တွေနဲ့ ဒေသခံပြည်သူတွေ လာရောက်လေ့လာနိုင်ဖို့ ဓာတ်ပုံ‌ပေါင်း ၂၅၀ နဲ့ ပန်းချီတွေကို အောက်တိုဘာ ၂၂ ရက်အထိ ၄ ရက်ကြာ ပြသသွားမှာ ဖြစ်ပါတယ်။

ရဲမင်းခေါင်

Tags: ဓာတ်ပုံများ ခင်းကျင်းထားနှစ် ၇၀ ကျော်ကဘားအံမြို့လူထုအမှတ်သညာပွဲ ပြုလုပ်

  • Previous story ကွန်ဂိုတွင် အီဘိုလာကူးစက်မှု အရေးအပေါ်အခြေအနေအဆင့် ဆက်လက်ထားရှိ
  • Next story ကာတာလိုးနီးယားပြည်နယ် ခွဲထွက်ရေး ဆန္ဒပြသူများနှင့် စပိန်ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      မုန့်ဖက်ထုပ်ရောင်းပြီး မိသားစု ဝင်ငွေရှာပေးနေတဲ့ ၉ နှစ် ကလေးငယ် (ဓာတ်ပုံ)

    • gallery

      ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)

    • gallery

      ကိုဗစ်ကာကွယ်ရေးအတွက် အဝါရောင်ကမ်ပိန်း တညင်းကုန်းဈေးတွင် ပြုလုပ် (ဓာတ်ပုံ)

    • gallery

      ကန်တော်ကြီး မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးဆိုင် မီးလောင်

    • gallery

      မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ဝဇီရာရုပ်ရှင်ရုံဟောင်းတွင် ပိုစတာများပြသ (ဓာတ်ပုံ) 

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 မကွေးမြို့နယ်တွင် တရားမဝင် ဝက်ပေါ်နေမှုကို ဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်ဖြစ်
    • 02 အောင်မင်္ဂလာ ကားဝင်းအတွင်း ကျပ်သိန်း ၉၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
    • 03 ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
    • 04 အင်ဒိုနီးရှားပျက်ကျလေယာဉ်၏ Black box  တည်ရှိရာနေရာ တွေ့ရှိ
    • 05 တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
    • 01 ဝယ်လက်မရှိသဖြင့် မုံရွာ ကျောက္ကာရေနံချက်ဖိုလုပ်ငန်း ၁၅၀ ခန့် ရပ်နား
    • 02 ကိုဗစ်-၁၉ လူနာသစ် ၄၄၉ ဦးတွေ့ရှိ၊ သေဆုံးသူ ၁၃ ဦးထပ်တိုး
    • 03 ဆလုံကျွန်းအနီး ငါးသယ်လှေနစ်မြုပ်၊ ရေကြောင်းရဲက ကူညီကယ်ဆယ်
    • 04 ကြို့ပင်ကောက် ရွှေညီလာခန်းမဆောင် ကွာရန်တင်းစင်တာကို ဦးဇင်းတပါးက မီးရှို့
    • 05 တန့်ဆည်မြို့တွင် မီးလောင်မှုကြောင့် နေအိမ် ၁ လုံးနှင့် ကား ၂ စီးဆုံးရှုံး
    • 01 ကိုဗစ်-၁၉ လူနာသစ် ၄၄၉ ဦးတွေ့ရှိ၊ သေဆုံးသူ ၁၃ ဦးထပ်တိုး
    • 02 အသင်းတိုင်းကို အနိုင်ယူနိုင်သည့် ယုံကြည်ချက်ရှိဟု မက်ဂွိုင်းယား ပြော
    • 03 လစ်ဗျား တာဟွန်နာမြို့တွင် အစုလိုက်မြှုပ်ထားသည့် မြေပုံထဲက အလောင်း ၂ လောင်း ထပ်တွေ့
    • 04 ဖာနန်ဒက်စ်ကို လီဗာပူးနည်းပြ ကလော့ပ်ချီးကျူး
    • 05 လားရှိုးတွင် ကျပ်သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.