Home
မြန်မာသတင်း
အမျိုးသမီးများနှင့် ရွေးကောက်ပွဲ နိုင်ငံရေး ဆွေးနွေးပွဲစကားဝိုင်း (ဓာတ်ပုံ)
DVB
·
October 20, 2019
အမျိုးသမီးများနှင့် ရွေးကောက်ပွဲ နိုင်ငံရေး ဆွေးနွေးပွဲကို ဒီကနေ့မနက်က ရန်ကုန်မြို့ Park Royal Hotel မှာ Myanmar Spring Media မြန်မာနွေဦးစကားဝိုင်းက စီစဉ်ကျင်းပပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အမျိုးသမီးတွေ မဲပေးပိုင်ခွင့်နဲ့ ရွေးကောက်ခံခွင့်ရခဲ့တဲ့ အစောဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပေမယ့် လက်ရှိအချိန်မှာ လွှတ်တော်အတွင်း ပါဝင်မှုက နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှာ အဆင့် ၁၅၉ နိုင်ငံအဖြစ် ရပ်တည်နေပြီး အာဆီယံနိုင်ငံတွေထဲမှာလည်း လွှတ်တော်အတွင်း ပါဝင်မှုအနည်းဆုံးနိုင်ငံ တနိုင်ငံ ဖြစ်နေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက အမျိုးသမီးတွေ ရွေးကောက်ပွဲနိုင်ငံရေးမှာ ပါဝင်ဖို့ အခက်အခဲ အတားအဆီးဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ အမျိုးသမီးတွေ လွှတ်တော်မှာ ပါဝင်မှုနဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ ပိုမိုပါဝင်အောင် မြှင့်တင်ဖို့ အရေးတွေ ဆွေးနွေးကြပါတယ်။  ဒီဆွေးနွေးပွဲမှာ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့၊ အမျိုးသမီးလွှတ်တော်အမတ်နဲ့ နိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေ ပါဝင်ဆွေးနွေးကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024