Wednesday, June 7, 2023
HomeLead Storyမြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲ မင်းကင်းမြို့  ချင်းတွင်းမြစ်အတွင်း ကျင်းပ (ဓာတ်ပုံ)

မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲ မင်းကင်းမြို့  ချင်းတွင်းမြစ်အတွင်း ကျင်းပ (ဓာတ်ပုံ)

တိမ်မြုပ်ပျောက်ကွယ်လုနီး ဖြစ်နေတဲ့ မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲကို စစ်ကိုင်းတိုင်း မင်းကင်းမြို့  ချင်းတွင်းမြစ်အတွင်းမှာ ကျင်းပနေပါတယ်။

ဒီလောင်းလှေပြိုင်ပွဲကို မင်းကင်းမြို့ မဟာမင်းကျောင်းရှိ ရွှေစကားမြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ဘုရားပွဲတော် အထိမ်းအမှတ်အနေနဲ့ ကျင်းပတာပါ။

တိမ်မြုပ်ပျောက်ကွယ်လုနီး ဖြစ်နေတဲ့ ရိုးရာအားကစားကို ပြန်လည်ဖော်ထုတ်တဲ့အနေနဲ့ အခုလို ကျင်းပတာလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ 

လောင်းလှေပြိုင်ပွဲ ကျင်းပရခြင်းကြောင့် အချင်းချင်း စည်းလုံးညီညွတ်မှု၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်မှု၊ ပျော်ရွှင်မှု၊ သယံဇာတပေါကြွယ်ဝမှု စတာတွေကိုလည်း ထင်ဟပ်ပေါ်လွင်စေတယ်လို့ ဆိုပါတယ်။ 

မင်းကင်းမြို့မှာ နှစ်ပေါင်း ၃၀ ကျော် မကျင်းပဖြစ်ခဲ့တာကနေ ပြန်လည်ကျင်းပတာဖြစ်ပြီး အခုကျင်းပတာက ဒုတိယအကြိမ် ဖြစ်ပါတယ်။ မနှစ်က ကျင်းပတဲ့ ပထမအကြိမ်တုန်းကတော့ လောင်းလှေအသင်း ၃ သင်းသာ ပါဝင်ခဲ့ပြီး ဒီနှစ်မှာတော့ လူ ၃၀ စီ ပါတဲ့ အကြီးတန်း ၃ သင်းနှင့် လူ ၂၀ ပါတဲ့ အငယ်တန်း ၃ သင်း စုစုပေါင်း ၆ သင်းထိ တိုးကာ ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပြိုင်ပွဲဝင်လှေအသင်း ၁ သင်းကို ကုန်ကျငွေ အနည်းဆုံး ကျပ် ၁၅ သိန်းလောက်ရှိပြီး လောင်းလှေ ၁ စီးရဲ့ တန်ဖိုးကတော့ ကျပ်သိန်း ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ အခုပြိုင်ပွဲဝင်တဲ့ လောင်းလှေတွေထဲမှာ တချို့လောင်းလှေတွေက သက်တမ်း ၁၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်။ 

လောင်းလှေပြိုင်ပွဲကိုတော့ ဘုရားပွဲကာလ အောက်တိုဘာ ၁၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပနေတာပါ။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular